တောင်စောင်းမှာ မီးလောင်သည် မီးသတ်ကား ဝင်မရပါ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 28, 2020

တောင်စောင်းမှာ မီးလောင်သည် မီးသတ်ကား ဝင်မရပါ


အောင်ဆန်းဝင်း
.
လမ်းကျဉ်း လမ်းငယ်လေးတွေမြင်တိုင်း၊ လမ်းကိုကျဉ်းငယ် အောင်ဖြစ်စေတဲ့ အရာတွေမြင်တိုင်း တစ်ထိတ်ထိတ်နဲ့ စိုးရိမ် စိတ်ဝင်လာခဲ့တယ်။ ဘာကိုစိုးရိမ်လည်း ဆိုတော့ အခုချိန်က ပွင့်လင်းရာသီ။ ပွင့်လင်းရာသီရဲ့ ထုံးစံအတိုင်း အဓိကစိုးရိမ်ရ တာက မီးရေးထင်းရေး။ အချိန်မရွေး ပုံစံမျိုးစုံနဲ့ လောင်မီးကျ တတ်တယ်။ မထင်မှတ်တဲ့ အပေါက်ကနေ တံခါးမခေါက်ဘဲ ဝင်လာတတ်တယ်။ ပေါ့ပေါ့ဆဆ လုပ်မိလို့ လောင်မီးကျတာ တွေရှိတယ်။ မတော်တဆ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် ပြဿ နာပေါ်တတ်တယ်။ မီးခြစ်မီးခွက်နဲ့ ကလေးသူငယ်တွေ ဆော့ ကစားရင်းလည််း ဖြစ်သွားနိုင်တယ်။ လူတိုင်း အသုံးပြုတဲ့ လက် ကိုင်တယ်လီဖုန်း အားသွင်းရင်း ပေါက်ပေါက်ကွဲကွဲတွေ ဖြစ် တတ်တယ်။ သဘာဝတရားကြီးက မျက်နှာလိုက်လို့လည်း ဖြစ် နိုင်ချေရှိနေတယ်။ ပွင့်လင်းရာသီက စိုးရိမ်ရေမှတ်နား ရောက် တတ်လို့ သတိိမပြတ်ဖို့ လိုအပ်တယ်။
.
အရင်တုန်းက သတင်းစာကိုင်ရင် ဓာတ်လိုက်တယ်လို့ ပြောကြတယ်။ လက်တွေ့ကျကျ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ် အားမရှိဘဲ ပုံနှိပ်စာရွက်တွေပေါ်မှာ ပြည့်ပြည့်ဝဝ ထုတ်နေလို့  ပြောကြတယ် ထင်ပါတယ်။ မဟုတ်ဘဲနဲ့တော့ ဆိုကြမှာ မဟုတ် ပါဘူး။ ၂၄ နာရီကို ၄ ပိုင်း ပိုင်းပြီး အလှည့်ကျစနစ် ဓာတ်အား သုံးစွဲခဲ့ဖူးတာ အားလုံးအသိ။ အခုနောက်ပိုင်းတော့ တစ်နို်င်ငံ လုံး ဖြန့်ကြက်မပေးနို်င်တာကလွဲရင် အကောင်းဘက်ကိုရောက် လာတယ်။ သတင်းစာကို ရဲရဲဝံံ့ဝံ့ ကိုင်နိုင်တယ်။ ဓာတ်မလိုက် တော့ဘူး။ အကောင်းရှိရင် အဆိုးလည်း ရှိနေတတ်တယ်။ သ တင်းစာတွေက ဓာတ်မလိုက်ပေမယ့် မကြာခဏ မီးလောင်နေ တယ်။ နေ့စဉ်ထုတ် သတင်းစာတွေ ဖတ်လိုက်ရင် မီးလောင်တဲ့ သတင်းက နေ့စဉ်လို တွေ့နေရတယ်။ အိမ်တွေလောင်မီးကျ နေတယ်။ တဲငယ်တွေ အတွဲလိုက် မီးလောင်တာရှိတယ်။ အ ထင်ကရ စျေးကြီးတွေလည်းပါတယ်။ 
.
အဲ့ဒီနေ့က ကျွန်တော့်သူငယ်ချင်းနဲ့ သူ့အဒေါ်ပဲ အိမ်မှာရှိ နေတာ။ သူ့အဖေနဲ့ အမေက စျေးထဲရောက်နေတယ်လို့ ပြော တယ်။ အိမ်မီးလောင်တဲ့အချိန် သူ့အဒေါ်ကလည်း အပြင် ရောက်နေတယ်။ ကျွန်တော့်သူငယ်ချင်းက အိမ်ထဲမှာ အိပ် ပျော်နေတာ။ မီးအရှိန် တော်တော်ပြင်းလာမှ အိပ်ရာနိုးလာပြီး အပြင်ကို ထွက်ပြေးလို့ လွတ်သွားတာပေါ့။ ကံကောင်းတာက သူအိပ်ရာ နိုးတဲ့အချိန် အပြင်ထွက်ဖို့အတွက် အဆင်ပြေနေ သေးတာ။ သူတို့အိမ်တော့ အားလုံးမီးထဲ ပါသွားတယ်လို့ သိရ တယ်။ အိမ်ဆက်က နည်းနည်းပြတ်တော့ မီးကသူတို့ တစ်အိမ် တည်းပဲ လောင်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် လူတွေ အသက် အန္တရာယ် မဖြစ်တာ အဆိုးထဲက အကောင်းလို့ ပြောရမှာ။ အား လုံးမီးထဲပါသွားတော့ ကျွန်တော့်သူငယ်ချင်းဝတ်ဖို့ အတွက် ကျွန်တော့်အဝတ်အစားတွေထဲက လတ်တာလေးတွေ ရွေးပြီး ၄/၅ စုံလောက် သွားပေးရပေဦးမယ်။
.
ဆီရည်ဝနေတဲ့ ဆန်ကောထဲက တိုဟူးတစ်ပြန်ကြော်ကို ကပ်ကြေးနဲ့ ညှပ်ရင်း အထက်တန်း ကျောင်းသားလေးတစ် ယောက်ကပြောတယ်။ သူပြောတဲ့ အကြောင်းအရာက အိမ် တစ်လုံး မီးလောင်ဆုံးရှုံးသွားတဲ့ အကြောင်း။ မီးလောင်ဆုံးရှုံး သွားတဲ့အိမ်က သူ့ရဲ့ အတန်းဖော် သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်။ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီလောက်က အိမ်မီး လောင်ကျွမ်းမှု တစ်ခုဖြစ်ပွားတယ်။ တောင်ကြီးမြို့ ကျောင်းကြီး စုရပ်ကွက် မဟာစည်လမ်းသွယ်ထဲက အိမ်အမှတ် ၅၀၇ ပါ။ တောမီးက တစ်ဆင့် ကူးစက်လောင်ကျွမ်းတယ်လို့ သိရပါ တယ်။ အိမ်အမှတ် ၅၀၇ ဆောက်ထားတဲ့ နေရာက တောင် ကုန်းတောင်စောင်းပါ။ မီးလောင်တဲ့အချိန် လေတိုက်နှုန်းကလည်း များတဲ့အနေအထားမှာရှိနေတယ်။ မီးသတ်ကားက မီး လောင်တဲ့နေရာ ဝင်မရတဲ့အပြင် မီးသတ်ပိုက်တောင် ဆွဲမရလို့ လောင်ကျွမ်းသွားတဲ့ အိမ်တစ်လုံး။ 

တောမီးက တစ်ဆင့် ကူးစက်လောင်ကျွမ်းတယ်လို့ သိရပါ တယ်။ အိမ်အမှတ် ၅၀၇ ဆောက်ထားတဲ့ နေရာက တောင် ကုန်းတောင်စောင်းပါ။ မီးလောင်တဲ့အချိန် လေတိုက်နှုန်းကလည်း များတဲ့အနေအထားမှာရှိနေတယ်။ မီးသတ်ကားက မီး လောင်တဲ့နေရာ ဝင်မရတဲ့အပြင် မီးသတ်ပိုက်တောင် ဆွဲမရလို့ လောင်ကျွမ်းသွားတဲ့ အိမ်တစ်လုံး။ 

.
အစိုးရရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အစ်မတစ် ယောက်ကို ကြိုပိုု့လုပ်ရင်း မဟာစည်လမ်းသွယ်ထဲ တစ်ပတ် ၂ ရက် ၃ ရက်ရောက်တယ်။ သူ့အိမ်သွားတဲ့့ လမ်းပေါ်ရောက်တိုင်း မီးရေးထင်းရေး စိုးရိမ်ရတဲ့ အခြေအနေကို သတိထားမိတယ်။ လမ်းတွေကကျဉ်းတယ်။ တံတောင်ဆစ်ချိုးကွေ့တွေ ဖြစ်နေ တယ်။ ဇောက်ထိုးဆင်းသွားတဲ့ ကွန်ကရစ်လမ်းတွေ ခင်းထား တယ်။ တချို့နေရာတွေက ကားငယ် ၂ စီးတောင်် ရှောင်လို့မရ ဘူး။ ဆိုင်ကယ်တစ်စီး သွားလို့ရတဲ့ နေရာတွေလည်းရှိတယ်။ အပျက်တွေကို ဘယ်သူမှ ကြိုမမြင်နိုင်ပါဘူး။ ဖြစ်လာနိုင်ချေ ရှိတာကိုတော့ တွေးကြည့်လို့ရနိုင်တယ်။ အစ်မကို အမြဲပို့ရင်း သူတို့လမ်းတွေကြောင့် မီးရေးထင်းရေး စိုးရိမ်ခဲ့တယ်။ ဖေဖော် ဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီလောင်တဲ့ မီးက အစ်မအိမ်နဲ့ ၃ အိမ်လောက်သာ ခြားတယ်။ မီးသတ်ကား ဝင်မရလို့ နောက်ပြန် လှည့် လက်ပိုက်ကြည့်ပြီး လူအင်အားနဲ့ မီး ငြိမ်းရတယ်။
.
တောမီးက သူ့အလိုလို ဒေါခွီးစရာ အကြောင်းမရှိ။ သစ်ပင် ရှားပါးတဲ့အချိန် သစ်ပင်သစ်ကိုင်း ပွတ်တိုက် လောင်နိုင်ချေ နည်းတယ်။ တို့မီးရှို့မီး လက်ကမြင်းမှုတွေကြောင့် တောမီး လောင်တာလားတော့ မပြောတတ်။ တောင်ကြီး၊ အေးသာယာ အတက်အဆင်း လမ်းတစ်လျှောက် သစ်ပင် သစ်တော ထိန်း သိမ်းမှုနဲ့ ပတ်သက်ပြီး ဆိုင်းဘုတ်မျိုးစုံ ချိတ်ဆွဲထားတယ်။ ဥတုရာသီ တောကိုမှီ၏။ ကန်သာအင်းလေး မတိမ်ကောရေး သဘာဝဝန်းကျင်ကို ထိန်းသိမ်းပေး။ သစ်ပင်သစ်တော ချစ်ခင် သည့် လူမျိုးရွှေတိုက်ကိုစိုးတဲ့။ (ဘယ်လိုချစ်ခင်တဲ့လူတွေ၊ ရွှေ တိုက်စိုးသွားတယ် မပြောတတ်ပါဘူး) ကျန်တဲ့ အမည်နာမ တပ်ထားတဲ့ ဆိုင်းဘုတ်တွေလည်း တော်တော်များများ တွေ့ ရတယ်။ အဓိကလိုရင်း အချက်က သစ်ပင်သစ်တောတွေ ထိန်း သိမ်းဖို့။ တောမီးလောင်တိုင်းတော့ လက်သည်တရားခံပျောက် နေတတ်တယ်။
.
အခုနောက်ပိုင်း ကျွန်တော်တို့ ကျောင်းကြီးစုရပ်ကွက်ထဲကိ်ု ပြောင်းတဲ့လူတွေ များလာတယ်။ ဝါးပြားအနောက်ဘက်ခြမ်းက တောင်ကုုန်း တောင်စောင်းတွေမှာ အိမ်ခြေတွေများလာတယ်။ အိမ်အများစု တောင်ကုန်းတောင်စောင်းမှာ ဆောက်ထားတာ ဆိုတော့ လမ်းတွေက ကောင်းကောင်းမရှိသေးဘူး။ ရှိတဲ့လမ်း တွေကလည်း လမ်းကျဉ်းတွေဖြစ်နေတယ်။ တချို့လမ်းတွေက ကားကွေ့ရခက်တဲ့ တံတောင်ဆစ်ချိုးတွေ။ အရေးအကြောင်း ဆို သွားလာရ မလွယ်တော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက မီးလောင် မှုဖြစ်တော့ မီးသတ်ကားတွေရောက်လာတယ်။ မီးလောင်တဲ့နေ ရာကို မီးသတ်ကား ဝင်လို့မရဘူး။ မီးသတ်ပိုက်ဆွဲဖို့လည်း အ ဆင်မပြေတော့ လူအင်အားနဲ့ပဲ မီးငြိမ်းရတယ်။ လေတိုက်တဲ့ အချိန်လည်းဖြစ်တော့ မီးကတော်တော်နဲ့ ငြိမ်းမရဘူး။ ကားအ ဝင်အထွက်ကောင်းတဲ့ လမ်းတွေဖြစ်ဖို့ လိုအပ်တယ်လို့ ဝါးပြား ဒေသခံတစ်ယောက်က ပြောတယ်။
.


.
နေရာစုံက ပုံစံမျိုးစုံနဲ့ ကျောင်းကြီးစုရပ်ကွက်ထဲ ပြောင်း လာတယ်။ ပြောင်းလာသူအများစုက ဝါးပြားရပ်ကွက် အနောက် ဘက်ခြမ်း တောင်ကုန်းတောင်စောင်းတွေဘက် အရောက်များ တယ်လို့ ဆိုတယ်။ ဝါးပြားရပ်ကွက် အနောက်ဘက် ခြမ်း တောင်ကုန်းတောင်စောင်း လူနေအိမ်ခြေရှိတဲ့ နေရာလမ်းအ များစုက လမ်းမည်ကာမတ္တတွေ။ လူတွေသွားနေလို့ လမ်းအ မည်သမုတ်လို့ရတာ။ လမ်းအင်္ဂါရပ်နဲ့ညီတဲ့ လမ်းတွေမဟုတ် ဘူး။ ရာခိုင်နှုန်းအများစုက ကိုယ်ထူကိုယ်ထ အဆင်ပြေသလို ခင်းထားကြတဲ့ လမ်းတွေ။ ပညာရှင်တွေနဲ့ တိုင်းတာတွက်ချက် ပြီး ခင််းထားတာ မဟုတ်တော့ ဘာအာမခံချက်မှလည်း မပေး နိုင်ပါဘူး။ နိုင်ငံတကာမှာ မြို့ရွာတစ်ခု တည်တော့မယ်ဆိုရင် ဘက်ပေါင်းစုံ ချင့်ချိန်စဉ်းစားပြီး လမ်းအတွက် ဦးစားပေးတတ် ကြတယ်။ ဒီနေရာမှာတော့ ခြံကွက်စာချုပ်တံဆိပ်တုံး နှိပ်ဖို့က လွဲပြီး ကျန်တာတွေနားလည်ပုံမရကြတာလား။
.

တိုးချဲ့လို့ ရနိုင်သေးတဲ့ ရပ်ကွက်အတွင်းမှာ ခြံကွက်တစ် ခု အိမ်ခြေတစ်လုံး တိုးပြီဆိုတာနဲ့ အဲ့ဒီခြံကွက် အဲ့ဒီအိမ်ဟာ မီး ရေးထင်းရေး စိတ်အေးရဖို့ အရေးကြီးပါတယ်။ သွားလမ်းသာ လာလမ်းဖြောင့်ဖို့ လိုအပ်တယ်။ အရေးပေါ်ရင် ကြီးကြီးမားမား အရာမရောက်အောင် တာဝန် ရှိသူတွေက စနစ်တကျ စိစစ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့နေရတဲ့ အခြေအ နေက အရေးကြီးတဲ့ အကြောင်းချင်းရာတွေအတွက် ဘာတစ် ခုမှ လုပ်ကိုင်ဆောင်ရွက်ထားပုံ မရပါဘူး။ ထိုးချင်သလို ထိုး ထားတဲ့ ခြံစည်းရိုး ဖြစ်နေလည်း ဒီတ်ိုင်းငုတ်တုတ်။ ဆောက် ချင်သလို ဆောက်တဲ့ အိမ်ဖြစ်နေလည်း မျက်လုံးတွေကမမြင်။ လမ်းပျောက်အောင် ကျူးထားလည်း နောင်ခါလာ နောင်ခါစျေး။ စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက် လုပ်ကိုင်တာတွေ မရှိ တော့ မဆုံးရှုံးသင့်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်အောင် မီးစထိုး လက် ယပ် ဖိတ်ခေါ်သလို ဖြစ်ကုန်ပါတယ်။
.
ဖေဖော်ဝါရီ ၁၇ ရက် ည ၄ နာရီ အိမ်အမှတ် ၅၀၇ တောမီး ကတစ်ဆင့် လောင်ကျွမ်းလို့ ဆုံးရှုံးခဲ့ရတယ်။ အဓိကတရားခံက လမ်းကျဉ်းမှာ မီးသတ်ကား ဝင်မရလို့။ နောင်ခါအရေးတွေးပြီး ပြင်ဆင်မှုလိုအပ်တယ်။ ဖေဖော်ဝါရီ ၁၉ ရက်။ ရန်ကုန်တိုင်းဒေ သကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၇ လမ်းမှာ မီးလောင်မှု ဖြစ်တယ်။ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ်တစ်ယောက် အ သက်ဆုံးရှုံးခဲ့ရတယ်။ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်း ၈ နာရီ လောက် တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ် ၆ ရပ် ကွက် နယ်မြေ ၈ မှာ အိမ်တစ်လုံး မီးလောင်တဲ့အတွက် နေအိမ် ပိုင်ရှင် အသက်ဆုံးရှုံးတဲ့ ဖြစ်စဉ်ရှိခဲ့တယ်။ ဖေဖော်ဝါရီ ၂၀ ရက် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ လမ်းမတော်သံစျေး မီး လောင်မှုဖြစ်တယ်။ ရန်သူမျိုး ၅ ပါးထဲပါတဲ့မီး။ မီးဘေးအန္တရာယ် ကြောက်မက်ဖွယ် ကာကွယ်မနှေး တို့အရေးတဲ့။ မီးသတ်ပြက္ခ ဒိန်ပေါ်ကဆောင်ပုဒ်။ ကြောက်မက်ဖွယ် မီးကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်ကားဝင်လို့ရတဲ့ လမ်းတွေဖြစ်ဖို့လည်း လိုအပ်နေ ကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)