တော်တော်ရှုပ်တဲ့ ကား ဆိုင်ကယ်တွေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 8, 2020

တော်တော်ရှုပ်တဲ့ ကား ဆိုင်ကယ်တွေ


အောင်ဆန်းဝင်း
.
လူနာတင်အရေးပေါ် ကားတစ်စီးက အချက်ပြဥသြသံဖွင့် ပြီး မောင်းလာတယ်။ လမ်းမကြီးပေါ်မှာ ဥဒဟိုပြေးလွှားနေတဲ့ ကားဆိုင်ကယ်တွေက အစီအရီ။ လူနာအနေအထားကို အတိ အကျမသိနိုင်ပေမယ့် ဆေးရုံရောက်ဖို့ အရေးကြီးနေတာတော့ အမှန်။ လူနာတင်ကားက အရေးပေါ် အချက်ပေးသံ ကျယ် လောင်လောင် ဖွင့်ထားတယ်။ လမ်းမပေါ်က ကားဆိုင်ကယ်တ ချို့ လမ်းဘေးကပ်ပေးကြတယ်။ အများစုက အရေးပေါ်ကား သွားနိုင်ဖို့ လမ်းဘေးကပ်ပေးရကောင်းမှန်း မသိကြ။ ကိုယ့်ခရီး ကို သာသာယာယာ ဆက်ကြတယ်။ လူနာတင်ကားရှေ့တည့် တည့် ဆိုင်ကယ်မောင်းနေတဲ့ မြီးကောင်ပေါက်က တယ်လီဖုန်း ဆက်တာမပျက်။ လူငယ်ယာဉ်မောင်းနဲ့ အမျိုးသမီးငယ်လေး တစ်ယောက်က လူ၏သို့မြူ၏သို့ လုပ်ရင်း အရေးပေါ်ကား နောက်ကပါလာတာ သတိတောင် မထားမိကြ။ တော်တော်ရှုပ် တဲ့ ကားဆိုင်ကယ်တွေပါလား။
.
သွားရင်းလာရင်း နေရာတိုင်းမှာ တွေ့ရတယ်။ လမ်းမကြီး ပေါ် ကျူးကျူးကျော်ကျော် တက်ရပ်ထားတဲ့ကားဆိုင်ကယ် တွေ။ မြို့တွင်းမှာရှိတဲ့ လမ်းအများစုက ကားငယ် စီး ချောင် လည်တယ် ဆိုရုံလောက်သာ ရှိတယ်။ ထိန်းထိန်းသိမ်းသိမ်း မောင်းမှ ဖြည်းဖြည်းငြိမ့်ငြိမ့် အန္တရာယ်ကင်းတဲ့ အနေအထား။ ကျူးကျော်ကား ဆို်င်ကယ်တွေက ကျန်တဲ့လမ်း အသုံးပြုတွေ အတွက် အန္တရာယ်ကို ဖိတ်စာဝေနေတဲ့အတိုင်း။ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ တောင်ကျောင်းလမ်းထဲမှာ ကျူးကျော်ကားဆိုင် ကယ်တွေ အမြဲလို တွေ့ရတယ်။ ယာဉ်ထိန်းဂိတ်တဲနဲ့ မျက်နှာ ချင်းဆိုင် တည့်တည့်နေရာမှာ ကျူးကျော်ကားဆိုင်ကယ်တွေ အမြဲတမ်းနေရာယူထားတာ ဂင်းနစ်စံချိန်တစ်ခုလို့ ဆိုရမလား။ ကားဂိတ်ရှိတဲ့ နေရာအနီးတစ်ဝိုက်တိုင်းမှာ ကျူးကျော်ကားဆိုင် ကယ်တွေ ကျောက်ချထားတတ်တယ်။ တော်တော်ရှုပ်တဲ့ ကား ဆိုင်ကယ်တွေပါလား။
.
ရက်တစ်စျေးနေ့က စျေးတန်းထဲ ဝင်တိုးမိတယ်။ စျေး သည်နဲ့ စျေးဝယ်စုံစုံလင်လင် တွေ့ရတယ်။ ဒေသခံတောင်ပေါ် စျေးသည်တွေ များတယ်။ မြေပြန့်က ခြေဆန့်လာတဲ့ စျေးသည် လည်းပါတယ်။ အသီးရွက် အသားငါးတွေကို စျေးနေ့စျေးနဲ့ ပေါ ပေါသီသီ ဝယ်ကြရောင်းကြတယ်။ ဒေသထုံးစံအတိုင်း စျေး သည်တွေက ကားလမ်းမပေါ် စျေးခင်းတယ်။ ဝယ်သူတွေလက် ကျန် လမ်းမပေါ် ကားဆိုင်ကယ်တွေ ကြုံသလိုထိုးရပ်ပြီး ဝယ် ကြခြမ်းကြတယ်။ လမ်းလျှောက်ရခက်တဲ့အထိ စျေးတန်းမှာ ပိတ်တဲ့အခါရှိတယ်။ ကုန်တင်ကားကြီးတွေက စျေးတန်းရဲ့ ပြေး လမ်းထဲအတင်းတိုးဝင်ကြတယ်။ တောင်အရပ်က ကုန်တင် ကား ကြီးတွေ ဇွတ်တရွတ် တိုးဝင်တယ်။ မြောက်အရပ်ကကုန်တင် ကားကြီးတွေ သူ့ထက်ကဲအောင်တိုးလာတယ်။ စျေးတန်းမှာ ပြေးလမ်းပိတ်အောင် ဝှေ့ကြတယ်။ တော်တော်ရှုပ်တဲ့ ကား ဆိုင်ကယ်တွေပါလား။
.
ဘဝတစ်ခုက ရောက်လာပြီး နောက်ထပ်ဘဝတစ်ခုဆီ ကူးတယ်။ ပြောင်းရွှေ့သွားသူကို ကျန်သူတွေ လိုက်ပါပို့ဆောင် ကြတယ်။ တစ်ခါတလေ လမ်းအဆုံမှာ ဘဝတူကူးပြောင်းသူ ယောက်လောက် ဆုံတဲ့အခါရှိတယ်။ ဦးဆောင်လာတဲ့ ကား ဆိုင်ကယ်တွေက သူ့ထက်ငါ အလုအယက် လမ်းလုကြတယ်။ ကားဆိုင်ကယ်မှာ တပ်ဆင်ထားတဲ့ သတိပေးဟွန်းကို သံပြိုင် တီးကြတယ်။ မသိရင် ရုတ်တရက် ကမ္ဘာများပျက်တာလား၊ မိုး များ ပြိုကျသလားတောင် ထင်မှတ်ရတယ်။ ဖြည်းဖြည်းပို့လည်း ဒီခရီး။ မှန်မှန်ပို့လည်း ဒီခရီး။ နောက်ဆုံးခရီးက သက်တောင့် သက်သာဖြစ်ဖို့ အဓိက။ တစ်သင်းနဲ့ တစ်ဖွဲ့ ချိတ်ဆက်မှု ကောင်းကောင်းရှိရင် ဒီလိုကိစ္စမျိုး ဖြစ်နိုင်ပါ့မလား။ အချိန်လေး တွေ ခွဲခွဲခြားခြား လုပ်ထားရင် ပြေလည်သွားနိုင်တယ်။ အခု တော့ အဆုံခရီးမှာ ဂျမ်းဖြစ်တာနဲ့ ကားဆိုင်ကယ်တွေက လိုလိုရှုပ်လို့။
.
မမြင်မတွေ့ချင်ပေမယ့် မြင်တွေ့နေရတဲ့ လူလုပ်အရှုပ်ထုပ် တွေ။ မြို့ပြက တစ်ထောင့်တစ်နေရာက ဖွံ့ဖြိုးတိုးတက်လာ တယ်။ ခပ်ပါးပါးတိုးတက်လာခြင်းနဲ့အတူ မြို့ပြနေ ပြည်သူတွေ မော်တော်ကား၊ ဆိုင်ကယ် အသုံးပြုမှု များပြားလာတယ်။ လူ တန်းစား အလွှာပေါင်းစုံ အသုံးပြုကြတာဖြစ်တဲ့အတွက် အမြင် တော်တာရှိသလို၊ မတော်တရော်တွေလည်း နေ့စဉ်တွေ့နေရ ပါတယ်။ မော်တော်ကားတချို့ ရမ်းရမ်းကားကား မောင်းတတ် ကြတယ်။ မော်တော်ဆိုင်ကယ် မောင်းသူအများစုက ငါ့လမ်းငါ သွား ငါ့ခရီးရောက်ရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ မောင်းတယ်။ ကားဆိုင်ကယ်တွေကို ခေါင်းတည်တဲ့နေရာ ကြုံသလို ထိုးရပ် လို့ စည်းနဲ့ ကမ်းနဲ့ လမ်းအသုံးပြုချင်သူတွေ စိတ်အနှောင့်အ ယှက် ဖြစ်ကြတယ်။ အများပြည်သူ အသုံးပြုတဲ့လမ်းဆိုတဲ့ သိစိတ်ဓာတ်တွေ ပျောက်နေကြတာလား မပြောတတ်။ တော် တော်ရှုပ်တဲ့ ကားဆိုင်ကယ်တွေ။
.
မော်တော်ကား၊ မော်တော်ဆိုင်ကယ်မောင်းပြီ ဆိုတာနဲ့ စည်းကမ်းနဲ့ မောင်းဖို့လိုပါတယ်။ လမ်းမကြီးတွေပေါ် ဖြစ်ဖြစ်၊ ရပ်ကွက်အတွင်း လမ်းတွေမှာပဲ မောင်းမောင်း ကိုယ်ပိုင်လမ်း တစ်ခုမှ မရှိပါဘူး။ လမ်းအားလုံးက အများပြည်သူ အသုုံးပြုတဲ့ လမ်းတွေပါ။ အများသုံးလမ်းတွေ ဖြစ်တဲ့အတွက် ကားဆိုင် ကယ်တွေ ရပ်တဲ့အချိန်မှာလည်း စည်းကမ်းရှိဖို့ လိုတယ်။ ကိုယ့် ကားကိုယ့်ဆိုင်ကယ် အဆင်ပြေရင် ပြီးရောဆိုပြီး ကြုံသလိုထိုး ရပ်ထားလို့ မရဘူး။ တောင်ကြီးမြို့ပေါ်မှာဆိုရင် ကားဆိုင်ကယ် တွေကို စည်းကမ်းမဲ့ ရပ်ထားတာတွေ နေရာအတော်များများ မှာ တွေ့နေရတယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ ရှေ့မှာ ပိုဆိုးတယ်။ မောင်းသူအများစုကလည်း ကားဆိုင်ကယ် ရှိတာနဲ့ တက်မောင်းနေကြတာ။ ယာဉ်မောင်းလိုင်စင် မရှိတာ လည်းများတယ်။ မလိုအပ်ဘဲ ကားဆိုင်ကယ်တွေ တော်တော် ရှုပ်တယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
.

.
တောင်ကြီးမြို့ပေါ်မှာရှိတဲ့ လမ်းအများစုက တော်တော် ကျဉ်းပါတယ်။ သွားလို့လာလို့ ရတယ်ဆိုရုံလောက်ပါ။ ဒီလိုလမ်း ကျဉ်းတွေမှာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုတွေကြောင့်ယာဉ်ကျော ပိတ်ဆို့မှုတွေ မကြာခဏဖြစ်ပါတယ်။ စည်းကမ်းမဲ့မှုများတယ် ဆိုတည်းက ကြပ်မတ်မှုအားနည်းချက်ကြောင့်ဆိုတဲ့ အဖြေတစ် ခုထွက်လာနိုင်တဲ့အတွက် တာဝန်ရှိသူများအနေနဲ့ သတိချပ် သင့်ပါတယ်။ နောက်တစ်ခုက လမ်းတွေရဲ့ အားနည်းချက်ပါ။ အစိုးရအဆက်ဆက်နဲ့ လက်ရှိအစိုးရလက်ထက်အထိ အချိန် ပြည့် လမ်းခင်းနေပေမယ့် အဆင့်အတန်းမီတဲ့ လမ်းတွေ ဒီနေ့ အထိဖြစ်မလာသေးပါဘူး။ ကြံဖန်လက်ညိုးထိုးပြပါ ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရှမ်းပြည်နယ်လွှတ်တော်ရုံးမြောက် ဘက်ကလမ်း (လမ်းညွှန်ဆိုင်းဘုတ် တပ်မထားလို့ လမ်းနာမည် တော့ မသိပါဘူး) လောက်သာ ခပ်ပါးပါးတန်းမီတယ် ပြောရမှာ ပါ။
.

စည်းကမ်းမဲ့ယာဉ်ရပ်နားမှုကြောင့် မလိုလားအပ်တဲ့ ယာဉ် တိုက်မှုတွေ တောင်ကြီးမြို့ပေါ်မှာ မကြာခဏ ဖြစ်ပေါ်နေပါ တယ်။ အဆိုးဆုံးဖြစ်တဲ့နေရာက အနောက်မြို့ပတ်လမ်းတစ် လျှောက်ပါ။ ကုန်တင်ကုန်ချလုပ်တဲ့ကားတွေကြောင့် လမ်းပိတ် ဆို့မှု ဖြစ်ပါတယ်။ အများသုံးလမ်းကို ကိုယ်ပိုင်လမ်းလို ဘောထားပြီး လမ်းမဘေး အချိန်ပြည့်ရပ်ထားတဲ့ ယာဉ်ပိုင်ရှင် တွေကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပါတယ်။ အချိန်ကန့်သတ်မှု မရှိ ဘဲ အနောက်မြို့ပတ်လမ်း တစ်လျှောက် အချိန်ပြည့် ဖြတ်သန်း သွားလာခွင့် ပြုထားတဲ့ ကုန်တင်တွဲကားတွေကြောင့်ယာဉ် တော်တဆမှု ဖြစ်ပေါင်းမနည်းတော့ပါဘူး။ စည်းကမ်းမဲ့ ယာဉ် ရပ်နားမှုနဲ့ စည်းကမ်းပျက်ယာဉ်မောင်းသူတွေ ထိပ်တိုက်တွေ့ ပြီး အသက်ဆုံးရှုံးတဲ့ ဖြစ်စဉ်တွေလည်း တောင်ကြီးမြို့ပေါ်မှာ နေ့စဉ်ရက်ဆက်ဆိုသလို ကြားလာရပါတယ်။ တော်တော်ရှုပ် တဲ့ ကားဆိုင်ကယ်တွေ။
.
စည်းကမ်းမဲ့ယာဉ်ရပ်နားမှုနဲ့ စည်းကမ်းပျက် မောင်းနှင်မှု ကြောင့် ယာဉ်တိုက်မှုအန္တရာယ် ဖြစ်စေမယ့် နေရာတစ်ခု နောက်မြို့ပတ်လမ်းပေါ်မှာ ရှိပါသေးတယ်။ (၂၁၂) ရဲဘော်စျေး နားက ပုလဲထုံးကွမ်းယာဆိုင် အကွေ့ပါ။ လမ်းကျဉ်းလမ်းကွေ့ ဖြစ်တဲ့အပြင် အသုံးပြုမှု များတဲ့နေရာ ဖြစ်ပါတယ်။ စျေးအနီးတစ် ဝိုက်မှာ စျေးဝယ်လာတဲ့ ဆိုင်ကယ်တွေနဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်လာတဲ့ ဆိုင်ကယ်တွေ အချိန်ပြည့် ရပ်ထား ပါတယ်။ အဆိုးဆုံးက ထောင့်ချိုးကွေ့ တည့်တည့်မှာ မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် လိုင်းကားတွေ ရပ်ပြီး ခရီးသည်အ တင်အချ လုပ်ကြတာပါ။ နောက်ကားမလာမချင်း၊ ခရီးသည် ရမချင်း ကျောက်ချသလို ရပ်ထားကြတာ ဖြစ်တဲ့အတွက် ကုန် တင်ကားကြီးတွေ၊ တွဲကားရှည်ကြီးတွေ ၄၊ စီး ဆက်တိုက် လာတိုင်း အမြဲလို လမ်းပိတ်ပြီး ယာဉ်အန္တရာယ် မကြာခဏဖြစ် ပါတယ်။ တော်တော်ရှုပ်တဲ့ ကားဆိုင်ကယ်တွေ။
.
စည်းကမ်းဆိုတာ လူ့တန်ဖိုးလို့ ဆိုကြတယ်။ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဟာ စည်းကမ်းရှိဖို့ လိုတယ်။ ရှမ်းပြည်နယ်မြို့ တော်၊ တောင်ကြီးမြို့ဆိုတာ အစစ အရာရာ နာမည်ကောင်းနဲ့ ကျော်ကြားတဲ့မြို့။ သန့်ရှင်းသပ်ရပ်မှုနဲ့ ပတ်သက်ပြီး ဆုတံဆိပ် တွေ အမြဲချိတ်တယ်။ နေထိုင်ချင်စရာ အကောင်းဆုံးမြို့တော် တစ်ခုအဖြစ် ရောက်ဖူးသူတိုင်း ကင်ပွန်းတပ်ကြတယ်။ ချမ်းချမ်း အေးအေးနဲ့ အေးချမ်းမှုတွေ ပြည့်ဝနေတယ်။ အလှပေါ် အယဉ် ဆင့်ဆိုတဲ့ မြန်မာစကားပုံတစ်ခု ရှိတယ်။ စည်းကမ်းပျက်မှုဆို တဲ့ စုန်းပြူးတွေကြောင့် မြို့မျက်နှာပျက်စရာမျိုးတွေ ပြင်ဆင် လိုက်ရင် နောက်ထပ် ဆုတံဆိပ်တွေ ထပ်တိုးရောက်လာနိုင် တယ်။ အစိုးရဦးဆောင်ပြီး မြို့ပေါ်နေ ပြည်သူတွေ လိုက်နာ ဆောင်ရွက်ရင် မဖြစ်နိုင်စရာအကြောင်းတော့ မရှိ။ အခုအနေ အထားအတိုင်း ဆက်သွားမယ်ဆိုရင်တော့ တော်တော်ရှုပ်တဲ့ ကားဆိုင်ကယ်တွေ များနေဦးမယ်။

No comments:

Post a Comment

Journal Download

Photo of three cats