ဌာနဆိုင်ရာ စုပေါင်းထမနဲထိုးပွဲကို တောင်ကြီးမြို့၌ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 3, 2020

ဌာနဆိုင်ရာ စုပေါင်းထမနဲထိုးပွဲကို တောင်ကြီးမြို့၌ ပြုလုပ်

မောင်မောင်သန်း(တောင်ကြီး)
.
မြန်မာ့ရိုးရာ ဌာနဆိုင်ရာ စုပေါင်း ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂ ရက်၊ ​နေ့လယ်ပိုင်းက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။
.

စုပေါင်းထမနဲထိုးပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ထမနဲထိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး​နောက် ဧည့်ပရိသတ်များကို ထမနဲထုပ်များ ဝေငှ​​ပေးခဲ့သည်။
.
အဆိုပါ စုပေါင်းထမနဲထိုးပွဲကို ဌာနဆိုင်ရာ ၁၄ ခုက ပါဝင် ဆင်နွှဲခဲ့ကြခြင်း ဖြစ်ပြီး ထမနဲများအား တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ ဆက်ကပ် ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
.

မြို့​တော် ​တောင်ကြီး၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲများကို အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းနှင့် ကျောက်တိုင်ကွင်းတို့တွင် ၂၀၀၇ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ် စုပေါင်းထမနဲထိုးပွဲကို ၁၄ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About