မူဆယ်​ဆေးရုံတွင် ​စောင့်ကြည့်​နေသည့် အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် မရှိ​ကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 27, 2020

မူဆယ်​ဆေးရုံတွင် ​စောင့်ကြည့်​နေသည့် အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် မရှိ​ကြောင်း ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သတ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ပြည်သူ့ဆေးရုံ၌ သီးခြားထားရှိကာ ကုသမှုပေး​နေ​သော ကွတ်ခိုင်မြို့နယ်တွင် ​နေထိုင်သည့် အမျိုးသားတွင် ​ရောဂါပိုး မရှိ​ကြောင်း ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနက ယ​နေ့ ​ဖေ​ဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.

ယင်း အမျိုးသားသည် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကားဝပ်ရှော့ တစ်ခုတွင် အလုပ် လုပ်ကိုင်ခဲ့ပြီး ​ဖေ​ဖော်ဝါရီလ ၂၄ ရက်တွင် ရွှေလီမြို့မှ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး​နောက် ​၂၅ ရက်တွင် ရွှေလီမြို့သို့ ပြန်သွားရာ မူဆယ်-မန့်ဝိန်းနယ်စပ်ဂိတ်၌ ကျန်းမာရေးဝန်ထမ်းများက ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်စဥ် အဖျား (၁၀၀) ဒီဂရီဖာရင်ဟိုက် ရှိကြောင်း တွေ့ရှိရသဖြင့် မူဆယ်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ လူနာထံမှ ဓါတ်ခွဲနမူနာအား စစ်​ဆေးခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။
.
ထို့အပြင် ရန်ကုန်မြို့၊ ​ဝေဘာဂီ အထူးကု​ဆေးရုံမှ အသက် ၃၂ နှစ်အရွယ် အမျိုးသားတွင်လည်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး မရှိ​ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
.
မြန်မာနိုင်ငံ၌ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ ညပိုင်း အထိ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ မရှိ​သေးဘဲ ​​စောင့်ကြည့်လူနာ ၄၀ ဦး၊ သံသယလူနာ ၂ ဦး၊ စုစု​ပေါင်း ၄၂ ဦး ရှိခဲ့ပြီး ဓါတ်ခွဲ စမ်းသပ်ချက်များအရ ၄င်းလူနာများတွင် ဗိုင်းရပ်စ်ပိုး မ​တွေ့ရှိ​ကြောင်း သိရသည်။
.
လက်ရှိတွင် ကမ္ဘာနိုင်ငံ​ပေါင်း ၅၀ ၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၈၂၅၇၃ ဦး၊ သေဆုံးသူ ၂၈၁၀ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၃၂၇၉၈ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About