မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများကို ပိုင်ရှင်မဲ့ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 27, 2020

မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများကို ပိုင်ရှင်မဲ့ ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စု၊ ပါဟိုး(အာခါ)ကျေးရွာ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့် အကွာရှိ မုန်ညှင်းစိုက်ခင်းနှင့် ငှက်ပျောတော အတွင်း၌ ကျင်းတူးမြှုပ်နှံထားသော တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၁၀၀၀ ရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေပိုင်းတွင် တပ်မတော်က ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.

တပ်မတော်မှ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀၀ နှင့် အနီ/အဖြူရောင် ဆေးမှုန့် ၈၆ ဒသမ ၅၀ ကီလိုဂရမ်၊ Promethazine(10 ml) ၁၃၀ ဘူး၊ တိပ်ခွေ (ဆာလာအိတ်ဖြင့်) တစ်အိတ်၊ ဆေးပြားထည့် ပလတ်စတစ်အိတ် (ဆာလာအိတ်ဖြင့်) ၄ အိတ်နှင့် Acid ၉ ပုလင်းတို့အား လည်းကောင်း၊ ကျင်းတူးမြှုပ်နှံထားသည့် ပစ္စတို ၃ လက်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ တစ်လုံးထိုးသေနတ် ၆ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ပွိုင့်-၂၂ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၁ တောင့်နှင့် ၁၂ ဗို့ကျည် ၁၉ တောင့်တို့အား ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About