အမျိုးသမီး တစ်ဦးအား တရုတ်မယား အဖြစ် ရောင်းစားသူကို ထောင်ဒဏ် တစ်သက် အမိန့်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

အမျိုးသမီး တစ်ဦးအား တရုတ်မယား အဖြစ် ရောင်းစားသူကို ထောင်ဒဏ် တစ်သက် အမိန့်ချ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဟွေကွယ်ကျေးရွာအုပ်စု၊ ဖားရံလုံရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးအား အဒေါ် တော်စပ်သူအမျိုးသမီးက တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သည့် ပြစ်မှုထင်ရှားသည့်အပြင် ယခင်က လူကုန်ကူးမှု ပြစ်ချက်ဟောင်းလည်း ရှိသဖြင့် ယင်းလူကုန်ကူးမှု ကျူးလွန်သည့် အမျိုးသမီးအား ကျိုင်းတုံဒုတိယခရိုင်တရားရုံးမှ ဇန်နဝါရီလ ၃၀ ရက်တွင် ထောင်ဒဏ်တစ်သက် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
.

အဆိုပါ ထောင်ဒဏ် တစ်သက် ကျခံရသူမှာ အသက် ၂၈ နှစ်အရွယ် မိုးသူဇာ(ခ) စန္ဒာလင်းဖြစ်ပြီး ၎င်းနှင့်ဆွေမျိုး တော်စပ်သည့် ကျိုင်းတုံမြို့နယ်၊ ဟွေကွယ်ကျေးရွာအုပ်စု၊ ဖားရံလုံရွာနေ မ (---) ကို တရုတ်နိုင်ငံသား တစ်ဦးနှင့်လက်ထပ် ထိမ်းမြားရန်အတွက် စည်းရုံးပြောဆိုပြီး တရုတ်ငွေယွမ် ၉၀၀၀၀ ဖြင့် ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မိုးသူဇာ(ခ)စန္ဒာလင်းသည် တရုတ်နိုင်ငံသားထံသို့ အမျိုးသမီးငယ်အား ရောင်းစားနိုင်ရန်အတွက် ကြားပွဲစားအဖြစ် ဆက်သွယ်ပေးခဲ့သူအား တရုတ်ငွေယွမ် ၁၀၀၀၀ ပေးခဲ့ရပြီး ရောင်းစားခံရသူ အမျိုးသမီးကို ယွမ် ၅၀၀ သာ ပေးခဲ့ခြင်းကြောင့် ၎င်းအား ဖမ်းဆီးချိန်၌ ယွမ် ၇၉၅၀၀ နှင့်အတူ ဖမ်းမိခဲ့ကာ ယင်းငွေများအား နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
.
"လူကုန်ကူးမှု တားဆီးကာကွယ်ရေးမှာ ပြည်သူတွေအသိ သတိ ရှိစေချင်ပါတယ်။ ဘယ်လိုလူက ဖြစ်စေ မက်လုံးပေး စည်းရုံးပြောဆိုဖြားယောင်းတာကိုမှ နားမယောင်ကြဖို့ လိုပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ မသက်ာ စရာတွေ့ရင်လည်း နီးစပ်ရာရဲတပ်ဖွဲ့ကို သတင်းပေးတိုင်ကြားစေချင်ပါတယ်"ဟု ကျိုင်းတုံမြို့ အမှတ်(၁၈) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှုး ရဲမှူး မီမီကိုက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ထောင်ဒဏ် တစ်သက်ကျခံ​စေရန် အမိန့်ချမှတ်ခံရသူ မိုးသူဇာ(ခ)စန္ဒာလင်းသည် ကျိုင်းတုံမြို့မရဲစခန်းတွင် လူကုန်တားဥပဒေပုဒ်မ ၂၄/၃၁/ကျင့် ၅၁၂ အမှုဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင်လည်း ထောင်ဒဏ် ၁၀ နှစ် ကျခံဖူးသူ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About