ရွာငံတွင် သတ္တုတူးဖော်ရေးကုမ္ပဏီ တစ်ခုမှ ခြံပိုင်ရှင်များ၏ ခွင့်ပြုချက် မယူဘဲ သတ္တုစမ်းသပ်ခွင့်ပြုချက် လျှောက်ထားရန် တိုင်းတာ စမ်းသပ်မှုများ ပြုလုပ်နေ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, January 5, 2020

ရွာငံတွင် သတ္တုတူးဖော်ရေးကုမ္ပဏီ တစ်ခုမှ ခြံပိုင်ရှင်များ၏ ခွင့်ပြုချက် မယူဘဲ သတ္တုစမ်းသပ်ခွင့်ပြုချက် လျှောက်ထားရန် တိုင်းတာ စမ်းသပ်မှုများ ပြုလုပ်နေ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အင်းကြီး (မ) ကျေးရွာတွင် သက်ဆိုင် ရာ ခြံပိုင်ရှင်များ၏ ခွင့်ပြုချက်မယူ ဘဲ ဝမ်းပြည့်သတ္တု ထုတ်လုပ်ရေး ကုမ္ပဏီမှ သတ္တုစမ်းသပ်ခွင့်ပြုချက် လျှောက်ထားရန် တိုင်းတာစမ်းသပ် မှုများ ပြုလုပ်နေကြောင်း သိရသည်။
.
.
"ဝမ်းပြည့်သတ္တုတွင်း ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေကို ကျေးရွာနေ ပြည်သူလူထုက သဘောမတူဘူး။ ခွင့်ပြုချက်မရဘဲ၊ ကန့်ကွက်တဲ့ အ ကြောင်းကို လက်မှတ်ထိုးပြီး ကျွန် တော့်ဆီကို စာတင်တယ်။ကျွန်တော် နေဒါကို ဘယ်လိုအရေးယူဆောင် ရွက်မှာလဲဆိုတာကို လွှတ်တော်မှာ မေး ခွန်း မေးပါမယ်” ဟု ရွာငံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အင်းကြီး (မ)ကျေးရွာရှိတောင် သူများ လုပ်ကိုင်နေသော လိမ္မော်ခြံ များအတွင်း ကုမ္ပဏီမှ ခြံပိုင်ရှင်များ ၏ ခွင့်ပြုချက်မရယူဘဲ သတ္တုတူး ဖော်ရန် စမ်းသပ်တိုင်းတာမှုများ ပြု လုပ်နေခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ် သက်၍ လာရောက်ဖြေရှင်းရန် သက် ဆိုင် ရာကုမ္ပဏီအား ဖိတ်ကြားထား ကြောင်း ၎င်းထံက သိရသည်။
.
အလားတူ ရွာငံမြို့နယ် သဖန်း ပင်ကျေးရွာ မြောက်ဘက်၊ ငှက် သောက်ကျေးရွာ အရှေ့ရှိ အင်ကြင်း ရေ နယ်နိမိတ်တွင်လည်း GPS ကုမ္ပ ဏီမှ တရားမဝင် သတ္တုတူးဖော်မှုများ ရှိခဲ့ပြီး ကုမ္ပဏီအား အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)