တရုတ်သမ္မတကို ကြိုဆိုကြောင်း “ဝ” အဖွဲ့ ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, January 15, 2020

တရုတ်သမ္မတကို ကြိုဆိုကြောင်း “ဝ” အဖွဲ့ ထုတ်ပြန်


မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်အား ကြိုဆိုကြောင်းနှင့် ခရီးစဉ် အောင်မြင်စေရန်အတွက် ဆန္ဒပြုကြောင်းကို  အဖွဲ့က ယနေ့ (ဇန်နဝါရီလ ၁၅ ရက်)တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ငြိမ်းချမ်းရေး ပြဿနာသည် မြန်မာ - တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပြည်သူလူထု ဆက်ဆံရေး ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်ပြီး နှစ်နိုင်ငံ အကြီးအကဲများက လက်တွေ့ အခြေအနေနှင့် ကိုက်ညီ၍ ထိရောက် တိကျသော နိုင်ငံရေး ဖြေရှင်းနည်းလမ်းကို ရှာဖွေတွေ့ရှိရန် “ဝ” အဖွဲ့အနေဖြင့် မျှော်လင့်ကြောင်းနှင့် လိုအပ်သော စွမ်းဆောင်မှုများကို ပြုလုပ်သွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။
.
ထို့အတူ မြန်မာ-တရုတ် ဆက်ဆံရေး နှစ် ၇၀ ပြည့် အချိန်ကာလ၌ သမ္မတ ရှီကျင့်ဖျင်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းမှာ မြန်မာ-တရုတ် ကံကြမ္မာ အကျိုးတူအဖွဲ့ တည်ဆောက်နိုင်ရန်အတွက် ခိုင်မာသည့် အခြေခံ အုတ်မြစ် ဖြစ်စေကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
.

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်ထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံသည် အမြင့်ဆုံးအဆင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ၊ စီးပွားရေးအရ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှု ၊ ဒေသတွင်း နှင့် နိုင်ငံတကာအရေးကိစ္စရပ်များတွင် နီးကပ်စွာ ညှိနှိုင်းဆွေးနွေးမှု နှင့် ပြည်သူအချင်းချင်းကြား ခိုင်မာသော အပြန်အလှန်ဖလှယ်မှု တို့ကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်(Chen Hai) က ဆင်ဟွာသတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုထားသည်။
.
တရုတ်နိုင်ငံနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသော အဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် အင်အားကြီး အဖွဲ့တစ်ခု ဖြစ်ကာ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်။ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်းမြို့နယ် ၆ မြို့နယ်တို့ကို ခရိုင် ၂ ခု ဖွဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats