အမေရိကန်-အီရန် စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ မြန်မာသံရုံးမှ မြန်မာနိုင်ငံသားများအား သတိပေး နှိုးဆော်ထား - Kanbawza Tai News

Breaking

Boxed(True/False)

Monday, January 6, 2020

အမေရိကန်-အီရန် စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ မြန်မာသံရုံးမှ မြန်မာနိုင်ငံသားများအား သတိပေး နှိုးဆော်ထား


ထက်တိုင်းကျော်
.
လတ်တလော ဖြစ်ပွားနေသည့် အမေရိကန်-အီရန် စစ်ရေးတင်းမာ မှုများနှင့် ပတ်သက်၍ ဆော်ဒီအာရေ ဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေဗျ နိုင်ငံသံရုံးမှ ဆော် ဒီအာရေဗျနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ကာ တာနိုင်ငံနှင့် အိုမန်နိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များအတွက် သတိပေးနှိုးဆော်ထုတ် ပြန်ထားကြောင်း သိရသည်။
.
.
ယင်း နှိုးဆော်ချက်တွင် လက်ရှိ အီရတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် လတ်တလော အခြေအနေများအရ ဒေသတွင်း စိုးရိမ်ဖွယ်ရာနှင့် စိတ်ပူ ပန်ဖွယ် အခြေအနေများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ သို့ဖြစ်၍ ယင်းနိုင်ငံ များရှိ မြန်မာများအနေဖြင့် လက်ရှိ ဒေသတွင်း အခြေအနေများကို မျက် ခြေ မပြတ်စေဘဲ လုံခြုံရေး သတိ ရှိရန် လိုအပ်ကြောင်း ဖော်ပြထား သည်။
.
ထို့အပြင် မိမိတို့ လက်ရှိရောက် ရှိနေသည့်သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေနှင့်အညီ မသက်ဆိုင်သည့် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု မရှိစေဘဲ လိုက်နာနေထိုင်သွားရန် နှင့် ယာယီ တင်းကြပ်လာနိုင်ဖွယ်ရှိ သည့် သက်ဆိုင်ရာ နိုင်ငံများ၏ လုံ ခြုံရေးနှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ နေထိုင်သွားရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
.
အလားတူ မမျှော်လင့်ဘဲ ဖြစ် ပေါ်လာနိုင်သည့် အခြေအနေများ၊ ထူးခြား ဖြစ်စဉ်များနှင့် ဆက်စပ်အ ခက်အခဲများ ရှိပါက ရီယာဒ်မြို့ရှိမြန် မာသံရုံးသို့ ၂၄ နာရီ အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင် ပါကြောင်းနှင့် သံရုံးသို့ဆက်သွယ် နိုင်သည့် တယ်လီဖုန်း၊ Hotline၊ email များကိုလည်း ဖော်ပြထား သည်။
.
“အခုကြေညာနှိုးဆော်စာ ထုတ် ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ကနေ ဟိုတယ်၊ ရေနံ၊ ဟဒ်ဘုရားဖူး ခရီး သွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေထဲမှာ သွားရောက်လုပ် ကိုင်နေသူတွေ ရှိကြပါတယ်။ အမေ ရိကန်နဲ့ မဟာမိတ်လုပ်ထားတဲ့နိုင်ငံ ကို အီရန်က ရန်သူစာရင်း ထဲထည့် ပြီး ဆော်လိုက်ရင်တော့ ကိုယ့်မြန် မာနိုင်ငံသားတွေကို မထိခိုက်အောင် ခုလို ကြိုတင် သတိပေးလိုက်တာ ကောင်းပါတယ်” ဟု မြန်မာနိုင်ငံဟို တယ် လုပ်ငန်းရှင်များအသင်း(ရွှေ တြိဂံဇုန်)နာယကဦးစိုးရွှေက ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
အီရန်နိုင်ငံအတွင်းရှိ အမေရိ ကန် သံရုံးများအား တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်မှ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အီရန်စစ်တပ် အကြီးအကဲ Qasem Soleimani နှင့် အီရတ် Popular Mobilization Forces -PMF မှ ဒု တိယခေါင်းဆောင် Abu Mahdi al-Muhandis တို့ သေဆုံးမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် နှစ်ဖက်တင်းမာနေ သည့် အခြေအနေတွင် မြန်မာ သံ ရုံးမှ ယင်းနှိုးဆော်စာ ထွက်ပေါ် လာ ခြင်း ဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံရေး စိတ်ပါဝင်စား လေ့လာသူအချို့က သုံးသပ် ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)