ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် Foundation of Leadership and Capacity Development သင်တန်း ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Sunday, January 12, 2020

ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် Foundation of Leadership and Capacity Development သင်တန်း ဖွင့်လှစ်


မျိုးမင်းထွေး (နည်းပညာတက္ကသိုလ်-ကျိုင်းတုံ)
.
ကျိုင်းတုံနည်းပညာတက္ကသိုလ်နှင့် Taxila Institute တို့ ပူးပေါင်းဖွင့်လှစ်သော Foundation of Leadership and Capacity Development သင်တန်းကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဇန်နဝါရီလ ၁၁ ရက်မှ ၁၂ ရက် အထိ ၂ ရက်ကြာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
.
.
သင်တန်းကို နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သာထွန်းက ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်း ပထမနေ့တွင် Taxila Institute မှ ဆရာ ဦးရဲပြည့်သူနှင့် ဆရာ ဦးမင်းဝေဖြိုးတို့က သင်ခန်းစာများ ပို့ချပေးခဲ့ ကြောင်း သိရသည်။
.
အဆိုပါ သင်တန်းသို့ နည်းပညာတက္ကသိုလ် (ကျိုင်းတုံ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းဒုတိယနေ့ကို ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ဆက်လက်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats