TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲတွင် ဖာမွန်းအသင်း အနိုင်ရ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, January 5, 2020

TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲတွင် ဖာမွန်းအသင်း အနိုင်ရ


စိုင်းအောင်မြတ် (တောင်ကြီး)
.
၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား (TSDP) အစီအစဉ်အရ ကျင်းပြုလုပ်သော ရှမ်းပြည်နယ် (တောင်ပိုင်းဇုန်) ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဇန်နဝါရီလ ၄ ရက်၊ ညနေပိုင်းက ရွှေညောင်မြို့ရှိ တောင်ကြီးမြို့နယ်ဘောလုံး ကွင်းတွင် ကျင်းပရာ နယ်မြေ (၉) ဖာမွန်းအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
.
.
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် နယ်မြေ (၃) ရွှေညောင်အသင်းနှင့် နယ်မြေ (၉) ဖာမွန်းအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ နယ်မြေ (၉) ဖာမွန်းအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
.
ဘောလုံးပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများ၊ ငွေသားနှင့် တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)