တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏ တိုးမြင့်ရေးအတွက် တွန်းအားပေးသွားမည်ဟု ဆို - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 4, 2020

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏ တိုးမြင့်ရေးအတွက် တွန်းအားပေးသွားမည်ဟု ဆို


စိုင်းသိင်္ခသူ
.
မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မ တီ ၁၄ ကြိမ်မြောက် အစည်းအဝေး ကို ဒီဇင်ဘာလကုန်ပတ်က တရုတ် နိုင်ငံ၊ ရွှေလီမြို့တွင် ပြုလုပ်ရာ ကုန် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ် ဦးမင်းမင်းက တ ရုတ်- မြန်မာ နယ်စပ်ကုန်သွယ်မှုပမာ ဏ တိုးမြင့်ရေးအတွက် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ သည်။
.
.
အစည်းအဝေးတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က တရုတ်နိုင်ငံဘက်မှ အခြေခံအ ဆောက်အအုံနှင့် လူသားချင်း စာနာ ထောက်ထားမှု တည်ဆောက်ရေး ကဏ္ဍအတွက် ကူညီပေးမှုကို ကျေး ဇူးတင်ရှိပါကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်း ရေးကော်မတီ (JBTCCC) ဆက်စပ် အစည်းအဝေးများကို အပြည့်အဝ ထောက်ခံအားပေးမှုအတွက် ကျေး ဇူးတင်ရှိပါကြောင်း၊ နယ်စပ်ကုန် သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြုံ တွေ့ရသော အခက်အခဲအမျိုးမျိုးကို ဆက်စပ် အစည်းအဝေးများမှတစ် ဆင့် အကျိုးသက်ရောက်မှုရှိသော ဖြေရှင်းချက်များကို ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုပမာဏ နှစ်စဉ် တိုးမြင့်ရေးအတွက် တွန်း အားပေးသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
.
ထို့နောက် ယူနန်ပြည်နယ် စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Zhou Xue Wen က မြန်မာသည် ယူ နန်ပြည်နယ်၏ ပထမအကြီးဆုံးကုန် သွယ်မိတ်ဖက် နိုင်ငံဖြစ်ပြီး ၂၀၁၈ ခု နှစ်တွင် ယူနန်နှင့် မြန်မာကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ တ ရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကုန်သွယ် မှုပမာဏ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း ခန့်ကို ရရှိထားပြီး ယူနန်-မြန်မာ ပို့ ကုန်/သွင်းကုန် ကုန်သွယ်မှုသည် ညီ မျှစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
.
အဆိုပါ တွေ့ဆုံအစည်းအဝေး တွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှု၊ သစ်သီး တင်ပို့မှု၊ ရေထွက်ကုန် ပစ္စည်း တင်ပို့မှု၊ နွား၊ ဆိတ်စသည့် တိရစ္ဆာန်တင်ပို့မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် ခရီး သွားလာရေး၊ အကောက်ခွန် ရှင်းလင်း၊ ကုန်ပစ္စည်း စစ်ဆေးခြင်း ကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး တ ရုတ်ဘက်မှ နှစ်နိုင်ငံနယ်စပ်ကုန် သွယ် ပူးပေါင်းဆောင်ရွက်မှု ဆက် လက် တိုးမြင့်ခြင်း၊ ဂိတ်စခန်းအ ကောက်ခွန်ရှင်းလင်းမှု တိုးမြင့်ခြင်း နှင့် နှစ်နိုင်ငံနယ်စပ်စီးပွားကုန်သွယ်မှု လုပ်ငန်းစဉ်များကို စည်းစနစ်ကျ စေရေး၊ မြန်မာနိုင်ငံ၏ သားသတ် တိရစ္ဆာန် ကုန်သွယ်မှု၊ လယ်ယာ ထွက်ကုန်ပစ္စည်း တင်သွင်းမှု ထပ် တစ်ဆင့်တိုးမြင့်ခြင်း၊ နယ်စပ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု၊ ဇုန်တည် ဆောက်မှု၊ ဂိတ်စခန်းတိုးချဲ့ဖွင့်လှစ် တည်ဆောက်မှု စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေးသို့ မြန် မာ နိုင်ငံဘက်မှ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှ ယူနန် ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် Zhou Xue Wen နှင့် အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြောင်း သိရ သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ နယ် စပ် ကုန်သွယ်ရေး စခန်းများ၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်မှု ပမာဏမှာ မူဆယ် (၁၀၅) မိုင်တွင် ပို့ကုန် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၃၀၁ ဒသမ ၃၉၅၊ သွင်းကုန် ၁၆၅၆ ဒသမ ၇၅၀၊ စုစုပေါင်း ၄၉၅ ၈ဒသမ ၁၄၅ ရှိခဲ့ပြီး ချင်းရွှေဟော်တွင် ပို့ကုန် ၄၅၃ ဒသမ ၉၉၂၊ သွင်းကုန် ၅၃ ဒသမ ၄၉၆၊ စုစု ပေါင်း ၅၀၇ ဒသမ ၄၈၈ ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)