တရားမဝင်တင်ဆောင်လာသော ကျောက်စိမ်းတုံးများကို ရေပူစခန်း၌ ပိုင်ရှင်မဲ့အဖြစ် ထပ်မံ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, January 16, 2020

တရားမဝင်တင်ဆောင်လာသော ကျောက်စိမ်းတုံးများကို ရေပူစခန်း၌ ပိုင်ရှင်မဲ့အဖြစ် ထပ်မံ ဖမ်းမိ


ကိုညီ (သိန္နီ)
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ဇန်နဝါရီ ၁၆ ရက်၊ ညနေပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ တရားမဝင် တင်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးများကို ပိုင်ရှင်မဲ့ အဖြစ် ထပ်မံ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီး၊ မိုင်းလီကျေးရွာ နတ်စင်အနီး၊ မိုင်တိုင်အမှတ် (၁၉၄/၆) တွင် အကောက်ခွန် လှည့်ကင်းအဖွဲ့မှ မသင်္ကာဖွယ်ရာ မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ယာဉ်အား ရေပူစစ်ဆေးရေးစခန်းအတွင်း မောင်းနှင်၍ စစ်ဆေးရာ ယာဉ်၏ ရှေ့မီးခွက်နှင့် နောက်ခန်းအတွင်း အံဝှက် ပြုလုပ်၍ သယ်ဆောင်လာသည့် တရားမဝင် ကျောက်စိမ်းဟု ယူဆရသော ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ကျောက်တုံး အရွယ်အစားမျိုးစုံကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ ဖမ်းဆီးရမိသော ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးများအား ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်၊ ညနေ ၆ နာရီခန့်ကလည်း လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ် (၁၉၇/၅)၊ ပန်ဖတ်ကျေးရွာအနီးတွင် မသင်္ကာဖွယ်ရာ ရပ်တန့်ထားသည့် ယာဉ်ကို  စစ်ဆေးရာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယာဉ်အား  စစ်ဆေးရေး စခန်းအတွင်းသို့ မောင်းနှင်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ကျောက်စိမ်းဟု ယူဆရသည့် ကျောက်တုံးအရွယ်အစားစုံ ၇၆ ကီလို၊ ကျောက်ဖြင့် ပြုလုပ်ထားသော ပုတီး၊ လက်ကောက် အချောထည် ၃၁ ကီလို၊ စုစုပေါင်းအလေးချိန် ၁၀၇ ကီလို၊ ခန့်မှန်းတန်ဖိုး ၅၃၅၀၀၀၀ ကျပ်နှင့် ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ပစ္စည်း ၂၂ မျိုး (တန်ဖိုးစိစစ်ဆဲ) တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)