သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ပိုင်ရှင်မဲ့ သစ်များ ဖမ်းမိ - Kanbawza Tai News

Breaking

Monday, January 13, 2020

သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ပိုင်ရှင်မဲ့ သစ်များ ဖမ်းမိ

ကိုညီ (သိန္နီ)
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ ဇန်နဝါရီ ၁၃ ရက်၊ နေလယ်ပိုင်းတွင် ပိုင်ရှင်မဲ့ သစ်များ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ကျ အကောက်ခွန် လှည့်ကင်းအဖွဲ့မှ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးဘေး မိုင်တိုင် အမှတ် ၁၉၂/၂ ၊ ပန်ဖတ်ကျေးရွာအနီးတွင်  မသင်္ကာဖွယ် ရပ်တန့်ထားသော မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်ရှောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ယင်း ​မော်​တော်ယာဉ်အား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းသို့ မောင်းနှင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က စစ်​ဆေးရာ တရားမဝင် တင်ဆောင်လာသည့် တန်ဖိုး​ငွေကျပ် ၂၇ သိန်း တန်ဖိုးရှိ ပိတောက်ခွဲသား၊ တမလန်းဓါးရွေ စုစုပေါင်းတန် ဝ ဒသမ ၉၂၇၆ တန်အား ​တွေ့ရှိခဲ့​ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသော တရားမဝင် သစ်များအား  လားရှိုးမြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ဖမ်းဆီးရမိသော ယာဉ်အား သိန္နီမြို့မရဲစခန်းသို့ အပ်နှံကာ အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats