ကျောက်မဲနှင့် လွိုင်လင်ခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအတွက် တင်ဒါများ ဖွင့်ဖောက် စစ်ဆေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, January 1, 2020

ကျောက်မဲနှင့် လွိုင်လင်ခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအတွက် တင်ဒါများ ဖွင့်ဖောက် စစ်ဆေး


မောင်မောင်သန်း (တောင်ကြီး)
.
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ကျောက်မဲခရိုင်နှင့် လွိုင်လင်ခ ရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနရုံးများ ခြံစည်းရိုးကာရံ ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ တင်ဒါ အဆိုပြုလွှာဖွင့်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီး မြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရှမ်း ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအ ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိ ရသည်။
.

တင်ဒါအဆိုပြုလွှာ ဖွင့်ပွဲ၌ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သ ယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီ ညီအောင်က အဖွင့်အမှာစကား ပြော ကြားပြီး ပြည်နယ်သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဒေါ်စိန်မမမှ တင်ဒါ လျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီ အမည်စာရင်းနှင့် လုပ်ငန်းဆောင် ရွက်မည့် အချက်များကို ရှင်းလင်း၍ ပြည်နယ် လက်ထောက်ညွှန်ကြား ရေးမှူးဦးစိုးနိုင်မှ ကုမ္ပဏီများအား လုပ်ငန်း စံချိန်စံညွှန်းနှင့် အရည်အ သွေးကောင်းမွန်စွာပြည့်မီအောင် ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် စွမ်လောင်ဟိန်းကုမ္ပ ဏီ၊ Mega Builder Co.,Ltd၊ ဝင်း ထက်မြန်မာကုမ္ပဏီတို့မှ တင်သွင်း ထားသည့် တင်ဒါအဆိုပြုလွှာများကို ပွင့်လင်းမြင်သာစွာဖြင့် အခမ်းအနား တက်ရောက်လာသူများ ရှေ့မှောက် တွင် ဖွင့်ဖောက်ပြီး အမှတ်ပေးစနစ် ဖြင့် ဆောင်ရွက်ကြောင်း သိရသည်။
.
အဆိုပါ တင်ဒါအဆိုပြုလွှာ တင် သွင်းခြင်း၌ ကျောက်မဲခရိုင်၌ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းများဖြစ်သည့် ခရိုင်ရုံးခြံစည်း ရိုးကာရံခြင်း မြေဧက ၀ ဒသမ ၅၁၁ ဧကနှင့် ၄ လက်မအဝီစိတွင်း၊ ပြင် ပ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အ လို အလျောက်ရေတင်စနစ်၊ ရေမြှုုပ် မော်တာ၊ ရေစက်အိမ်စသည့် လုပ် ငန်းများ ဆောင်ရွက်ခြင်း၊ လွိုင်လင်ခ ရိုင်ရုံး ခြံစည်းရိုးကာရံခြင်းနှင့် ဆက် စပ် လုပ်ငန်းများဖြစ်သည့် ခရိုင်ရုံး (၉၀၄၂'-၆") RCC ၂ ထပ်၊ လွိုင် လင်ခရိုင်ရုံး ခြံစည်းရိုးကာရံခြင်း မြေ ဧက ၀ ဒသမ ၇၈၀ ဧက၊ ၁၂၀၀၀ ဂါလံဆံ့ မြေအောက် ရေသိုလှောင် ကန်၊ ၄ လက်မ အဝီစိတွင်း၊ ပြင်ပ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အလို အလျောက်ရေတင်စနစ်၊ ရေမြှုုပ်မော် တာ၊ ရေစက်အိမ်စသည့် လုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats