တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော် မြတ်ကြီးတွင် လစဉ်အလှူငွေ ကျပ်သိန်း ၃ဝဝ ခန့် ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, January 18, 2020

တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော် မြတ်ကြီးတွင် လစဉ်အလှူငွေ ကျပ်သိန်း ၃ဝဝ ခန့် ရရှိ

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ ကျက်သရေဆောင် စူဠာမု နိလောကချမ်းသာစေတီတော်မြတ် ကြီးတွင် လစဉ် အလှူငွေ ကျပ်သိန်း ၃၀၀ ခန့် ရရှိကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
.
.
စေတီတော်မှ ရရှိသည့် အလှူ ငွေများအနက် အလှူခံပုံးများမှ ရရှိ သည့်အလှူငွေနှင့် အလှူခံဖြတ်ပိုင်း မှ ရရှိသည့် အလှူငွေဟူ၍ အပိုင်း ၂ ပိုင်းခွဲကာ လစဉ်စာရင်းချုပ် ထိန်း သိမ်းထားရှိကြောင်း သိရသည်။
.
“ရရှိလာတဲ့ အလှူငွေကို အ လျဉ်းသင့်သလို ဂေါပကလူကြီးတွေ ရယ်၊ ဒီမှာရှိတဲ့ ဝန်ထမ်းတွေရယ် ဖွင့် ဖောက် ရေတွက်ပြီးတာနဲ့ ဘဏ်ကို ချက်ချင်းအချိန်မီ ထည့်သွင်းသိမ်း ဆည်းပါတယ်။ နှစ်ခုပေါင်း ပျှမ်းမျှ ရာသီအပေါ်မှာ မူတည်ပြီး ပွင့်လင်း ရာသီဆိုရင် တစ်လကို သိန်း ၃၀၀ ကနေ ၄၀၀ လောက် အထိရပါတယ်” ဟု စူဠာမုနိ လောကချမ်းသာစေတီ တော်ဂေါပကအဖွဲ့ဝင် ဦးစိုင်းလိုင်း လိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရရှိလာသည့် အလှူငွေ များကို ဘဏ်တွင် စာရင်းရှင်၊ စာ ရင်းသေ ၂ မျိုးခွဲ၍ အပ်နှံထားရာ လက်ရှိတွင် စာရင်းသေအပ်ငွေ ကျပ် သိန်း ၅၀၀၀ ခန့်နှင့် စာရင်းရှင် အပ်ငွေ ကျပ်သိန်း ၃၀၀၀ ကျော်၊ စုစုပေါင်း သိန်း ၈၀၀၀ ကျော် ရရှိနေ ပြီဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တောင် ကြီး တန်ဆောင်တိုင်ပွဲတော်မှ ရရှိ လာသည့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို စေတီတော်အတွက် သီးသန့်လာ ရောက်လှူဒါန်းထားပြီး အလှူငွေ များကို လျော့နည်းပျောက်ပျက်မှု မရှိ အောင် စနစ်တကျ ထိန်းသိမ်းထား ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ စူဠာမုနိလော က ချမ်းသာစေတီတော်မြတ်ကြီးကို ၁၉၉၆ ခုနှစ်က စတင်တည်ထားကိုး ကွယ်ခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမြို့ပေါ် တွင် စူဠာမုနိစေတီတော်အပြင် ရွှေ ဘုန်းပွင့် စေတီတော်၊ အတုလမာရ ဇိန် ဆုတောင်းပြည့် မြတ်စွာဘုရား (မြို့လယ်ဓမ္မာရုံ)၊ သီရိမင်္ဂလာ ရပ် တော်မူ၊ အောင်တော်မူ၊ မွေတော် ကက္ကူဘုရားတို့မှာ ထင်ရှားသော ဘုရားစေတီများ ဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats