တောင်ကြီးမြို့ စူဠာမုနိစေတီတွင် သျှားမီးပူဇော်ခြင်းကို ခွင့်ပြုတော့မည် မဟုတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

တောင်ကြီးမြို့ စူဠာမုနိစေတီတွင် သျှားမီးပူဇော်ခြင်းကို ခွင့်ပြုတော့မည် မဟုတ်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ စေတီတော်တွင် တပို့တွဲလပြည့်နေ့ ၌ သျှားမီးပူဇော်ခြင်းကို ခွင့်ပြုတော့ မည် မဟုတ်ကြောင်း စေတီတော်ဂေါ ပကအဖွဲ့ထံက သိရသည်။
.
.
ယင်းကဲ့သို့ သျှားမီးပူဇော်ခွင့်ပြု တော့မည် မဟုတ်ကြောင်း ဇန်နဝါရီ လ ၁၁ ရက်မှ စတင်၍ အသိပေး ကြော်ငြာစာများ ကပ်ထားခဲ့ပြီး ယ ခင်မြေကြီးပေါ်တွင် သျှားမီးပူဇော်ရာ ၌ အဆင်ပြေခဲ့သော်လည်း ယခုအခါ စေတီတော် သန့်ရှင်းသာယာ လှပ ရေးအတွက် AC ကတ္တရာကွန်ကရစ် ခင်းထားသောကြောင့် အများပြည် သူ အန္တရာယ်မဖြစ်စေရန်အတွက် ခွင့်မပြုခြင်းဖြစ်ကြောင်း သိရသည်။
.
"ဒီနှစ်တော့ မီးပူဇော်ခြင်းကို ခွင့် မပြုနိုင်ဘူး။ မီးမပူဇော်နိုင်တဲ့အ ကြောင်းကိုလည်း သြဝါဒစရိယ ဆ ရာတော် ကြီးတွေကို လျှောက်ထား တော့ ဆရာတော်ကြီးတွေကလည်း မြို့အတွက် အန္တရာယ်ရှိတယ်၊ လူကို လည်း အန္တရာယ်ဖြစ်စေတယ်ဆိုရင် လုပ်ပါဆိုပြီး မိန့်ပါတယ်။ မီးပူဇော် ခွင့် မပြုတဲ့အကြောင်းကို ကြော်ငြာ တွေ ကပ်ထားပါတယ်။ အန္တရာယ် ကို စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။ လာမယ့်နှစ်တွေပါ ဆက်ပြီး ပိတ်ရ လိမ့်မယ် ထင်ပါတယ် ” ဟု စူဠာမုနိ စေတီတော် ဂေါပကအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဒေါက်တာရဲမြင့် အောင်က ပြောသည်။
.
စေတီတော်၏ အနောက်ဘက် ရှိ မြေလွတ်မြေရိုင်းများကို ဖော် ဆောင်ပြီး စားသောက်ဆိုင်များနှင့် သင့်တင့်အောင် ဆောင်ရွက်ကာ မြေလွတ်များ ရရှိလာချိန်တွင် မီးပူ ဇော်ခြင်းကို ပြန်လည်ခွင့်ပြုနိုင်ဖွယ် ရှိပါသည်ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
.
စေတီတော်ပရိဝုဏ်ရှိ ဆိုင်ခန်း များကို ပြောင်းလဲဖွင့်လှစ်သွားမည် ဖြစ်ပြီး စားသောက်ရန် နေရာများကို လည်း စုပေါင်းစားသောက်နိုင်ရန် ကိုယ်တိုင်ယူစနစ်ဖြင့် လုပ်ဆောင် သွားရန်ရှိကြောင်းနှင့် စေတီတော်ရှိ အလှဆင်မီးများကိုလည်း ထိန်းသိမ်း ရေး ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။
.
စူဠာမုနိစေတီတော် လုံခြုံရေး အတွက် လုံခြုံရေးဝန်ထမ်း ၃၂ ဦးကို ခန့်ထားပြီး တစ်ရက်လျှင် အချိန် ၃ ပိုင်းခွဲ၍ အလှည့်ကျ ဆောင်ရွက် လျက်ရှိသည့်အပြင် စီစီတီဗွီ လုံခြုံ ရေးကင်မရာ ၅၅ လုံး တပ်ဆင်ရန် တင်ဒါခေါ်ယူထားပြီး တင်ဒါအောင် ကုမ္ပဏီမှ ၂ လအတွင်း တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
စူဠာမုနိစေတီတော်သို့ လာ ရောက် ဖူးမြော်သော ခရီးသွားဧည့် သည်များ အဆင်ပြေစေရန်နှင့် အ ပန်းဖြေစေရန် ရည်ရွယ်၍ပန်းဥယျာဉ် ငယ်များကို ဆောက်လုပ်ပေး ထားပြီး ယာဉ်ရပ်နားခြင်း၊ သန့်စင်ခန်း အသုံး ပြုခြင်းများကိုလည်း အခမဲ့စနစ်ဖြင့် ထားရှိပေးထားကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် အထင် ကရ ဘုရားစေတီများဖြစ်သော စူ ဠာမုနိစေတီတော်၊ ရွှေမုဋ္ဌောစေတီ တော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ပတ္တ မြားလိုဏ်ဂူနှင့် မြစိမ်းတောင် စေတီ တော်တို့၌ ဘုရားဖူးလာဧည့်သည် များဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats