တောင်ကြီးမြို့၊ ဂနိုင်ကန်အတွင်းမှ ပျောက်ကွယ်သွားသည့် ရေဘဲ (စစ်စလီ)များ အုပ်စုလိုက် ပြန်လည် ကျက်စားလာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

တောင်ကြီးမြို့၊ ဂနိုင်ကန်အတွင်းမှ ပျောက်ကွယ်သွားသည့် ရေဘဲ (စစ်စလီ)များ အုပ်စုလိုက် ပြန်လည် ကျက်စားလာ


ဗျတ္တ
.
တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ ဂနိုင်ကန်အတွင်း ယခင် က ကျက်စားနေထိုင်ခဲ့ဖူးပြီး နှစ်အ တန်ကြာ ပျောက်ဆုံးနေသည့် ရေဘဲ (စစ်စလီ)များ ယခုနှစ်တွင် ပြန်လည် ရောက်ရှိ ကျက်စားလာနေသည်ကို တွေ့ရသည်ဟု ဒေသခံများထံမှ သိ ရသည်။
.
.
ဂနိုင်ကန် တိုးချဲ့ခြင်း လုပ်ငန်း များ မလုပ်ဆောင်မီ ယခင်က ကန်အ မှတ် (၁) အတွင်း ကျူပင်ကျူတော များ ထူထပ်စွာ ပေါက်ရောက်သည့် အတွက် ရေပျော်ငှက်များဖြစ်သည့် ရေဘဲများအပြင် ရေကြက်များ၊ ဗျိုင်း ဖြူများလည်း ကျက်စားခဲ့ဖူးသည်ဟု သိရသည်။
.
“ကျွန်တော်တို့ ငယ်ငယ်က ဦးခန်းကန် (ဂနိုင်ကန်အမှတ်-၁) ထဲမှာဆိုရင် ကန်အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းမှာ ကျူတောတွေ အပြည့် ရှိတယ်။ ရာသီဥတုပြောင်း လဲမှုတွေ ဖြစ်တာနဲ့ ကန်တွေချဲ့ လိုက်တော့ သူတို့နေစရာမရှိတော့ တဲ့အတွက် နှစ်အတော်ကြာ ပျောက် သွားတာဖြစ်မယ်။ ဒီနှစ်မှ ပြန်ရောက် လာကြတယ်”ဟု ကျောင်းကြီးစု ရပ်ကွက်နေဒေသခံ ကိုအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိ ဂနိုင်ကန်အတွင်း  ပြန် လည် ကျက်စားလာသော ရေဘဲ (စစ်စလီ)အုပ်မှာ ကောင်ရေ ၄၀ ခန့် ရှိပြီး သစ်ပင်သစ်တောများနှင့် နီး စပ်သည့် ဂနိုင်ကန်အမှတ် (၂) တွင် ညနေစောင်း အချိန်များ၌ ပိုမိုမြင် တွေ့ရကြောင်း ဒေသခံများထံမှ သိ ရသည်။
.
စစ်စလီသည် မြန်မာနိုင်ငံတွင် တွေ့ရသော ဝမ်းဘဲ အမျိုးအစား တစ်မျိုးဖြစ်ပြီး ယခင်က အများအ ပြား တွေ့ရသော်လည်း ဖမ်းယူသတ် ဖြတ်ခံရခြင်းကြောင့် ယခုအခါ နည်း ပါးလာလျက်ရှိသည်ဟု သိရသည်။ ၎င်းတို့ကို ဖိုမတွဲ၍ဖြစ်စေ အအုပ်အ သင်းနှင့်ဖြစ်စေ သစ်ပင်ထူထပ်သော ရေအိုင်များတွင် တွေ့ရတတ်ပြီး ခရု၊ ပက်ကျိများနှင့် အသီးအရွက်များကို စားသောက် တတ်သော ငှက်မျိုးများ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats