တောင်ကြီးတွင် ရဲအယောင်ဆောင်၍ မော်တော်ယာဉ် လုယူထွက်ပြေးမှု ဖြစ်ပွား - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, January 2, 2020

တောင်ကြီးတွင် ရဲအယောင်ဆောင်၍ မော်တော်ယာဉ် လုယူထွက်ပြေးမှု ဖြစ်ပွား


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်အစောပိုင်းက ရဲအယောင်ဆောင်၍ မော်တော်ယာဉ်နှင့် လက်ကိုင်ဖုန်း ၂ လုံး လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်နေ စိုင်းကျော်လင်းဦး၊ ကျော်ကျော်ပါ သူငယ်ချင်း ၄  ဦးတို့သည် ဒီဇင်ဘာလ ၂၉ ရက်၊ ညပိုင်းက ၎င်းတို့ပိုင် Honda Fit အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် ဘီယာသောက်နေစဉ် ဒီဇင်ဘာလ ၃၀ ရက်၊ နံနက် ၃၀ မိနစ်အချိန်၌ အရပ်ဝတ် ဝတ်ဆင်ထားသူ အမျိုးသား ၃ ဦးမှ Surf မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး မူးယစ်တပ်ဖွဲ့မှဖြစ်ကြောင်း ပြောဆို၍ လက်ထိပ်ပြပြီး မူးယစ်ဆေးဝါးများ ရှာဖွေခဲ့ကြောင်း သိရသည်။
.
ထိုသို့ ရှာဖွေရာတွင် တွေ့ရှိခြင်းမရှိသည့်အတွက် စိုင်းကျော်လင်းဦးနှင့် ကျော်ကျော်တို့အား ရဲစခန်းလိုက်ခဲ့ရန် ပြောဆို သဖြင့် ရဲစခန်းသို့ သွားရန် Honda Fit ယာဉ်ဖြင့် တောင်ကြီး-ဟိုပုံးကားလမ်းအတိုင်း မောင်းနှင်လာစဉ် တက္ကသိုလ်မီးပွိုင့်လမ်းဆုံအနီး ကညနရုံးရှေ့အရောက်တွင် ၎င်းတို့အား ကားပေါ်မှ ဆင်းခိုင်းပြီး Redmi 7 အမျိုးအစား လက်ကိုင်ဖုန်း ၂ လုံးနှင့် Honda Fit ယာဉ်တို့အား ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် တောင်ကြီးမြို့၊ စူဠာမုနိဘုရားအနီး၌ စစ်ဆေးရေးဆောင်ရွက်နေစဉ် ၌ ဝေယံငြိမ်း (၃၆ နှစ်) မောင်းနှင်ပြီး အောင်နိုင်စိုး (၂၅ နှစ်) နှင့် နောင်နောင်ထွန်း (၃၀ နှစ်) တို့ လိုက်ပါစီးနင်းလာသည့် Honda Fit ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ် သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် စစ်ဆေးမေးမြန်းရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်အစောပိုင်းက လုယူထွက်ပြေးသွားသော မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး Surf မော်တော်ယာဉ်အားလည်း အမှုဖြင့် ထပ်မံသိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းရာ ၎င်းတို့ ၃ ဦးသည် တောင်ကြီးမြို့ ထင်းရှူးတော၊ ညိုမီးဆည်အနီးဝန်းကျင်၊ လူအသွားအလာ နည်းသော နေရာ များတွင် မူးယစ်ဆေးဝါးရှာမည်ဟု ပြောဆိုကာ လက်ထိပ်များပြ၍ လက်ကိုင်ဖုန်း၊ ဆွဲကြိုး၊ လက်စွပ်များကို လုယူထွက်ပြေး နေသူများဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မော်တော်ယာဉ်အား လုယူထွက်ပြေးသွားသော ဝေယံငြိမ်း၊ အောင်နိုင်စိုး၊ နောင်နောင်ထွန်းတို့ ၃ ဦးအား တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၇၀/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)