တောင်ကြီး မြို့မဈေးမြောက်ဘက်ရှိ ပျံကျဈေးသည်များကို ဖယ်ရှား၍ ဆိုင်ကယ်ရပ်နားရန်နေရာ ထားမည့်အပေါ် ဈေးသည်များ မလိုလား - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, January 14, 2020

တောင်ကြီး မြို့မဈေးမြောက်ဘက်ရှိ ပျံကျဈေးသည်များကို ဖယ်ရှား၍ ဆိုင်ကယ်ရပ်နားရန်နေရာ ထားမည့်အပေါ် ဈေးသည်များ မလိုလား


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊ မြို့မစျေးမြောက်ဘက် ကုန်သည်လမ်းပေါ်တွင် ရောင်းချ နေသော ပျံကျစျေးသည်များကို ဖယ် ရှား၍ မြို့နယ်စည်ပင်သာယာရေး ဌာနမှ ဆိုင်ကယ်ရပ်နား ရန်နေရာ ပြုလုပ်မည့်အပေါ် စျေးသည်များမှ လိုလားမှုမရှိဘဲ ပုံမှန်အတိုင်း စျေး ပြန်လည် ရောင်းချခွင့် ရရှိလိုနေကြ ကြောင်း သိရသည်။
.
 
.
“ကျွန်မတို့က ပလက်ဖောင်းနဲ့ စည်းရဲ့ကြားထဲမှာ ရောင်းပါတယ်။ တစ်နေကုန် ရောင်းတာပါ။ တရားမျှ တမှုပဲ လိုချင်တာပါ။ ကျွန်မတို့ကို မောင်းထုတ်ပြီး တခြားလေလံဆွဲ ထားတဲ့သူကို ပေးမယ်ဆိုတာ မဖြစ် သင့်ပါဘူး။ စျေးသည်တွေအနေနဲ့ အခွန်ဆောင်ပါ ဆိုရင်လည်း ပြည့် ပြည့်ဝဝ ဆောင်မှာပါ။ ဆိုင်ခန်းမ ငှားနိုင်၊ မဝယ်နိုင်လို့ ပျံကျရောင်းတာ ဖြစ်တဲ့အတွက် ကျွန်မတို့ ပျံကျစျေး သည်တွေကို စဉ်းစားပေးစေလိုပါ တယ်” ဟု ပျံကျစျေး ရောင်းချသူ ဒေါ်မော်မော်စန်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ ကုန်သည်လမ်းပေါ်တွင် ရောင်းချနေသော ပျံကျစျေးသည် ၃၀ ဦးခန့်ရှိပြီး ယင်းနေရာတွင် စျေး ရောင်းချခဲ့သည့်မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကာ စျေးကော်မတီ ထံ တစ်ရက်လျှင် ၅၀၀ ကျပ်နှုန်းပေး ဆောင်၍ စျေးရောင်းချနေခြင်း ဖြစ် ကြောင်း သိရသည်။
.
ထို့အတူ ပျံကျစျေးသည် မသူ ဇာဝင်းကလည်း “ကျွန်မတို့က တစ် နေ့လုပ်မှ တစ်နေ့စားပါ။ သူတို့လမ်း ချဲ့၊ လမ်းပြင်တုန်းကလည်း စျေးမ ရောင်းဘဲ ဖယ်ပေးထားပါတယ်။ အဲ ဒီတုန်းကလည်း ဒုက္ခ ရောက်ခဲ့တယ်။ အခုချိန်ကျတော့လည်း ဒုက္ခထပ် ရောက်တယ်။ အမှိုက်နဲ့ ပတ်သက် ရင်လည်း ရှင်းပါတယ်။ နဂိုရောင်း နေကျနေရာလေးကိုပဲ ရောင်းချင် တယ်” ဟု ပြောဆိုခဲ့သည်။
.
ယင်း ပျံကျစျေးသည်များအား ဖယ်ရှားပါက စျေးသည်များ၏ စား ဝတ်နေရေးနှင့် မိသားစုပြဿနာ များ ဖြစ်ပေါ်လာနိုင်သည်ဟု စျေး သည်များမှ ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ မြို့မစျေးတာဝန်ခံ ဦး ခင်အေးအား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာ “လူသွားပလက် ဖောင်းပေါ် မရောင်းဖို့ ရှင်းတာပါ။ လူသွားစင်္ကြံပဲ ထားမှာပါ။ ဆိုင် ကယ်စတန်းက အစကတည်းက ရှိ ပြီးသားပါ” ဟု ဖြေကြားခဲ့သည်။
.
မြို့မစျေးမြောက်ဘက်၊ ကုန် သည်လမ်းတွင် ဆိုင်ကယ်ရပ်နားရန် နေရာနှင့် ဒေသတွင်း အဝေးပြေး မော်တော် ယာဉ်လိုင်းဂိတ်များ တည် ရှိနေကြောင်း သိရသည်။
.
ပျံကျစျေးသည်များအား ဖယ် ရှားမှုနှင့် ပတ်သက်၍ စျေးသည်များမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက် ဆိုင်ရာဌာနများသို့ အသနားခံစာ တင်ပြသွားမည် ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ကုန်သည်လမ်းအား အ ဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင် ရွက်ပြီးဖြစ်သဖြင့် ယင်းလမ်းကိုအ သုံးပြုသော အိမ်ရှင်များ၊ ပျံကျစျေး သည်များ၊ ယာဉ်လိုင်းဂိတ်များစနစ် တကျရှိစေရေး၊ လမ်းပေါ်တွင်သွား လာနေသော လမ်းသွားလမ်းလာ ပြည်သူများ စျေးဝယ်သူများသွား လာရေး အဆင်ပြေစေရေး၊ အ တွက် တောင်ကြီးမြို့နယ် စည်ပင် သာယာရေးကော်မတီ အနေဖြင့် စီ မံကြီးကြပ် ဆောင်ရွက်လျက်ရှိရာ အိမ်ရှင်များ၊ စျေးသည်များ၊ ယာဉ် လိုင်းဂိတ်များ အနေဖြင့် သက်ဆိုင် ရာဌာနများ၏ စီစဉ်ကြီးကြပ်လမ်း ညွှန်မှုကိုခံယူကာ စနစ်တကျ အသုံး ပြုသွားရန် တိုက်တွန်းကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ အသိပေးနှိုးဆော် ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)