တောင်ကြီးနှင့် ဟိုပုံးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, January 6, 2020

တောင်ကြီးနှင့် ဟိုပုံးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် ဇန်နဝါရီလ ၄ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၄ ရက်၊ ညနေ ၄ နာရီခွဲ ခန့်က ကြိုတင်သတင်းအရ တောင်ကြီးမြို့နယ်၊ ရွှေညောင်-ရပ်စောက်သွားကားလမ်း၊ တောင်နီကျေးရွာအနီးတွင် စောင့်ဆိုင်းရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် ရပ်စောက်ဘက်မှ တောင်နီဘက်သို့ ရပ်စောက်မြို့နယ်၊ ဝှေးကျေးရွာအုပ်စု၊ လွယ်ရှင်ကျေးရွာနေ အိုက်မိုင် (၃၆ နှစ်) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၀ သိန်းခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ အိုက်မိုင်အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ထို့အတူ ယင်းနေ့ ညနေ ၅ နာရီ ၃၀ ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဟိုပုံး-လွိုင်လင်သွားကားလမ်း၊ ဟိုနမ့်ကျေးရွာအနီးတွင် တားဆီးရှာဖွေရေး ဆောင်ရွက်နေစဉ် လွိုင်လင်ဘက်မှ ဟိုပုံးဘက်သို့ ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ခွန်ကျေးရွာနေ သောင်းရွှေ (ခ) ခွန်မောင် (၂၄ နှစ်) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ပီနံအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၈၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ သောင်းရွှေ (ခ) ခွန်မောင်အား ဟိုပုံးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)