တောင်ကြီး-ဟိုပုံးကားလမ်းတွင် တွဲကားအားကျော်တက်သည့် ဆိုင်ကယ် တိမ်းမှောက်၍ မောင်းနှင်သူ သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, January 21, 2020

တောင်ကြီး-ဟိုပုံးကားလမ်းတွင် တွဲကားအားကျော်တက်သည့် ဆိုင်ကယ် တိမ်းမှောက်၍ မောင်းနှင်သူ သေဆုံး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ဟိုပုံးသွားလမ်း၊ နမ့်ဆီးတွဲဘက်အထကကျောင်းရှေ့တွင် ဇန်နဝါရီလ ၂၀ ရက်၊ ညနေပိုင်းက တွဲကားအား ကျော်တက်သည့် မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အောင်လံမြို့နေ ယာဉ်မောင်း ဦးသိန်းဇော် မောင်းနှင်လာသော တွဲယာဉ်သည် ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၆ နာရီ ခန့်က တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမကြီး၊အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၁၂၂/၂) နှင့် (၁၂၂/၃) အကြား အရောက်တွင် နောက်မှ တောင်ရပ်ကွက်၊ ဟိုပုံးမြို့နေ ဦးအောင်နေထွန်း (၄၂ နှစ်) မောင်းနှင်လာသော မော်တော်ဆိုင်ကယ်မှ ကျော်တက်ရာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင် သူ ဦးအောင်နေထွန်းမှာ တွဲကားဘက်ကျရောက်သဖြင့် တွဲကားနောက်ဘီးဖြင့် ကြိတ်မိခဲ့ပြီး ဦးခေါင်းခွံကြေမွကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်တိမ်းမှောက်ပြီး မိမိကိုယ်ကို သေဆုံးစေသူ ဦးအောင်နေထွန်း (၄၂ နှစ်) အား တောင်ကြီးမြို့မရဲစခန်းတွင် ယာဉ် (ပ)၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)