လမ်းနယ်ပေါ်သို့ ကျရောက်နေသည့် ဝါးပြားလမ်းဆုံရှိ ကွမ်ရင်မယ်တော် ဘုံကျောင်း မြေကာနံရံအား ဖယ်ရှားမည် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 8, 2020

လမ်းနယ်ပေါ်သို့ ကျရောက်နေသည့် ဝါးပြားလမ်းဆုံရှိ ကွမ်ရင်မယ်တော် ဘုံကျောင်း မြေကာနံရံအား ဖယ်ရှားမည်


စိုင်းရာဇာ
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်းအပိုင်း (၂) အဆင့်မြှင့်တင် ခြင်း လုပ်ငန်းများကို ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ လမ်းပိုင်းပေါ်တွင် တည်ရှိနေသော ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်း ဆုံအနီးရှိ ကွမ်ရင်မယ်တော် ဘုံ ကျောင်း၏ မြေကာနံရံမှာ လမ်းနယ် ပေါ်သို့  ကျရောက်နေသည့်အတွက် ဖယ်ရှားရှင်းလင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
 .
“အခုတော့ ကျွမ်းကျင်ပညာရှင် တွေနဲ့ ဖယ်ရှားဖို့ တိုင်းတာမှုတွေ ပြု လုပ်နေပါတယ်။ ဖယ်ရှားမှုတွေကို သူတို့ ဖာသာ လုပ်မှာပါ။ သူတို့က ကျူးကျော်တာကို မသိလို့ပါတဲ့။ အခု သိတော့ တာဝန်သိတဲ့စိတ်နဲ့ လုပ် တာ ဖြစ်ပါတယ်။ တချို့တွေက ကျူး တာတောင်မှ မဖယ်ပေးလို့ တရား စွဲရတာတွေ ရှိပါတယ်” ဟု တောင် ကြီးမြို့နယ် စည်ပင်သာယာရေးဌာ နမှ အမှုဆောင်အရာရှိ ဦးအေးကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကွမ်ရင်မယ်တော်ဘုံ ကျောင်း မြေထိန်းနံရံ ပရိဝုဏ်မှာ လမ်းနယ်ပေါ်သို့ ပေ ၃၀ ခန့် ရောက် ရှိနေသည့် အတွက် ဖယ်ရှားရှင်း လင်းနိုင်ရန် ရှမ်းပြည်နယ် အစိုးရ အဖွဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မြေကာ/မြေထိန်း နံရံကို စနစ် တကျ ပြန်လုပ်ရမယ်။ နောက်ပြီး လမ်းအကွေ့ကို ပြန်ဖြေမယ်။ မြေ ကာနံရံကို ဘုံကျောင်းက ပြန်လုပ် မယ်” ဟု ဦးအေးကိုက ဆက်လက် ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင် ပြုပြင်ရေး နှင့် ပတ်သက်၍ အပိုင်း (၁)အဖြစ် မြို့ဝင် မြေပုံဆိုင်းဘုတ်မှ နဂါးပွက် ကျောင်းလမ်းဆုံအထိ ၁ ဒသမ ၈၃ မိုင်ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကာ အပိုင်း (၂)အဖြစ် နဂါးပွက်ကျောင်း လမ်းဆုံမှ ဂနိုင်ကန်လမ်းဆုံ အထိ ၁ ဒသမ ၃၅ မိုင် ယခုနှစ်တွင် ပြင်ဆင် သွားမည်ဖြစ်ပြီး အပိုင်း (၃) အဖြစ် ဂနိုင်ကန်လမ်းဆုံမှ ကျောက်တလုံး လမ်းဆုံ အထိ ၁ ဒသမ ၄၂ မိုင် ကို ဘဏ္ဍာငွေခွဲဝေ ရရှိမှုပေါ် မူတည်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာ ရေးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)