၁၁ ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကို ညောင်ရွှေမြို့နယ်တွင် ပြုလုပ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, January 15, 2020

၁၁ ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကို ညောင်ရွှေမြို့နယ်တွင် ပြုလုပ်မည်


မင်းဇော်မင်း
.
တောင်ရိုးတိုင်းရင်းသားများ၏ ၁၁ ကြိမ်မြောက် အမျိုးသားနေ့ကို လာမည့် တပို့တွဲ လကွယ်နေ့မှ တ ပေါင်းလဆန်း ၃ ရက်အထိ၊ (၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၅ ရက် မှ ၂၇ ရက်အထိ) ရှမ်းပြည်နယ်တောင် ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျားတွန် ကျေးရွာတွင် ကျင်းပ ပြုလုပ် သွား မည် ဖြစ်ကြောင်း သိရသည်။
.
.
“နှစ်စဉ်ကျင်းပလာခဲ့တာ ဒီနှစ် တော့ ညောင်ရွှေမြို့နယ်မှာ မကျင်း ပရသေးတာဖြစ်လို့ ကျားတွန်ရွာမှာ ကျင်းပရခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ တောင်ရိုးတိုင်းရင်းသား တွေ စုစုစည်းစည်းနဲ့ အမျိုးဂုဏ်ကို ဖော်ဆောင်နိုင်ဖို့ ကျင်းပတာဖြစ် ပါတယ်” ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသဦးစီးအဖွဲ့ဝင် တောင်ရိုး တိုင်းရင်းသား ကိုယ်စားလှယ် ဦး ကျော်ငြိမ်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
တောင်ရိုးမျိုးနွယ်များ အနေဖြင့် နေရာဒေသကို လိုက်၍ စကားသံ ကွဲ ပြားမှုအရ ပြင်သူတောင်ရိုး၊ ရပ်သူ တောင်ရိုး နှင့် နန်းမှန်တောင်ရိုးဟူ၍ ၃ မျိုးခွဲခြားနိုင်ပြီး နန်းမှန်တောင်ရိုးကို တောင်ရိုးကြီး၊ ပြင်သူတောင်ရိုးကို တောင်ရိုးလတ်၊ ရပ်သူတောင်ရိုးကို တောင်ရိုးငယ်ဟု ခေါ်ဝေါ်ကြောင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုကော် မတီ ဗဟိုအတွင်းရေးမှူး ဦးကျော်လှ ထံက သိရသည်။
.
“မှန်နန်းတောင်ရိုးတွေက ပင် လောင်းမြို့နယ်၊ ပြင်သူက ဟဲဟိုးမြေ ပြန့်ပိုင်းနဲ့ ရပ်သူတောင်ရိုးက ပင်းတ ယဘက်မှာ နေကြပါတယ်။ အရင် ကတော့ အသံထွက်ကွဲပေမယ့် အခု စာစကားအရ အသံထွက်သိပ်မကွာ တော့ပါဘူး” ဟု ဦးကျော်လှက ပြော သည်။
.
မြန်မာအက္ခရာ ဗျည်း ၃၃ လုံး အပေါ် အခြေခံသည့် တောင်ရိုးစာ စကားကို အသုံးပြုလာသည့် နောက် ပိုင်း အသံကွာခြားမှု နည်းပါးသွား မည်ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောဆိုခဲ့သည်။
.
တောင်ရိုး တိုင်းရင်းသားများ သည်ပုဂံပြည်၌ ကွမ်းဆော်ချောင်ဖြူ မင်း (တောင်ရိုးနွယ်မင်း) နန်းတက် သည့် တပေါင်းလဆန်း ၃ ရက်နေ့ ကို နေ့ထူးနေ့မြတ်၊ တောင်ရိုးအမျိုး သားနေ့အဖြစ် ဆရာတော်ကြီးများ နှင့် တောင်ရိုး တိုင်းရင်းသားများက သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိ ရသည်။
.
ပုဂံခေတ်၊ ဓညဝတီ ရခိုင်ပြည်မှ ဆင်းသက်လာသည့် ပုဂံဘုရင် တန် နက်မင်းကြီး၏ မိဖုရားကြီးသည် စ လေ ငခွေးဘုရင်အား လုပ်ကြံကာ မင်းဖြစ်စဉ်ကို မလိုလားသဖြင့် နန်း တော်မှ ပဋိသန္ဓေ အရင့်အမာဖြင့် ထွက်ပြေးလာပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ သာစည်နယ်စပ်ရှိချောင် ဖြူရွာနှင့် နောင်နန်း လိုဏ်ဂူတို့တွင် နေထိုင်ရာမှ ရွှေ့ပြောင်း တောင်ယာ  လုပ်ကိုင်စားသောက်ရင်း တောင် ရိုးလူမျိုးဟု ခေါ်တွင်ကြခြင်း ဖြစ် ကြောင်း သိရသည်။
.
တောင်ရိုးလူမျိုးများမှာ ဆီဆိုင် မြို့နယ်တွင် ၁ ရွာ၊ ပင်လောင်းမြို့ နယ်တွင် ၂၄ ရွာ၊ ပင်းတယမြို့နယ် တွင် ၂၈ ရွာ၊ ကလောမြို့နယ်တွင် ၂၁ ရွာ၊ တောင်ကြီးမြို့နယ်တွင် ၈ ရွာ၊ ရပ်စောက်တွင် ၃ ရွာ၊ ညောင် ရွှေမြို့နယ်တွင် ၁၂ ရွာနှင့် လွိုင်လင်၊ နမ့်စန်မြို့ပေါ်များတွင် နေထိုင်ကြ ကာ ၂၀၁၉ ခုနှစ်တွင် တောင်ရိုးစာ ပေနှင့် ယဉ်ကျေးမှုအသင်းမှကောက် ယူထားသောစာရင်းအရ လူဦးရေ ၇၂၂၄၈ ဦး ရှိကြောင်း သိရသည်။
.
တောင်ရိုး အမျိူးသားနေ့ကို ၂၀၁ဝ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ပင် လောင်းမြို့နယ် ဆည်ခေါင်းကျေး ရွာတွင် ၄ ကြိမ်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာတွင် ၂ ကြိမ်၊ ပင် လောင်းမြို့နယ်၊ နောင်မူရွာတွင် ၂ ကြိမ်၊ ပင်းတယမြို့နယ်၊ တည်ပင် ကျေးရွာတွင် ၂ ကြိမ် ကျင်းပခဲ့ပြီး ဖြစ် ကာ ယခုညောင်ရွှေမြို့နယ်၊ ကျား တွန်ကျေးရွာတွင် ၁၁ ကြိမ်မြောက် အဖြစ် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အမျိုးသားနေ့ ကျင်း ပရာတွင် ဘောလုံးပြိုင်ပွဲနှင့် တောင် ရိုးဓလေ့ အဆို/အက၊ ခေတ်ပေါ် ရိုးရာ အတီးအမှုတ်ပြိုင်ပွဲ၊ သိုင်းပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲများ ထည့်သွင်းကျင်း ပသွားမည်ဖြစ်ပြီး ပြည်ထောင်စု တိုင်းရင်းသား ရေးရာဝန်ကြီး၊ ပြည် နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသအာဏာ ပိုင်များကို ဖိတ်ကြားထားကြောင်း သိရသည်။
.
တောင်ရိုးအမျိူးသားနေ့  ကျင်းပမည့် ညောင်ရွှေမြို့နယ်ရှိ ကျားတွန် ကျေးရွာကို လမ်းကြောင်း ၃ ခုမှ သွား ရောက်နိုင်ပြီး ပင်းတယ-ညောင်ရွှေ- ခေါင်တိုင်-အင်းတိန်-ကျားတွန်လမ်း ဖြင့် ၂၂ မိုင်၊ ပင်လောင်း-တီကျစ်-လဲ ကော-ကျားတွန်လမ်းဖြင့် ၁၃ မိုင်၊ ကလော-အောင်ပန်း-ပင်မှီ-ကျား တွန်လမ်းဖြင့် ၁၅ မိုင် ခရီး ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats