အောင်ပန်းတွင် Steps For Better 2020 ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ပြုလုပ် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 11, 2020

အောင်ပန်းတွင် Steps For Better 2020 ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ပြုလုပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လွယ်အံ့ကျေးရွာရှိ View Point 2 ဟိုတယ်တွင် ဇန်နဝါရီလ ၁၀ ရက်၊ ညနေပိုင်းက Steps For Better 2020 ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ပြုလုပ်ရာ စာရေးဆရာ လင်းသိုက်ညွန့်၊ ဆရာ ကျော်ကျော်လှိုင်နှင့် ဆရာ မိုင်မိုင်းတို့က ဟောပြောခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ စာပေဟောပြောပွဲတွင် စာရေးဆရာ ကျော်ကျော်လှိုင်က “အောင်မြင်သောဘဝ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာ မိုင်မိုင်းက “Steps For Better 2020” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာ လင်းသိုက်ညွန့်က “မြန်မာ့နည်းမြန်မာ့ ဟန်ဖြင့် အောင်မြင်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။
.
လာရောက်ဟောပြောပေးခဲ့သည့် စာရေးဆရာများ၊ သင်တန်းဆရာများအနေဖြင့် ကောင်းမှုပြုရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် ဟောပြောမှုအတတ်ပညာရှင် အသင်းဝင်များဖြစ်ပြီး ၎င်းတို့သည် ဇန်နဝါရီလ ၅ ရက်မှ စတင်ကာ လယ်ဝေး၊ နေပြည်တော်၊ မန္တလေးတက္ကသိုလ်များ၊ ပြင်ဦးလွင်နှင့် မိတ္ထီလာမြို့များတွင် ဟောပြောခဲ့ပြီးဖြစ်ကာ ယခု အောင်ပန်းမြို့သို့ လာရောက်ဟောပြောခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အခြားစာရေးဆရာများဖြစ်သည့် ဆရာ စိုးဟိန်း၊ ဆရာ ကျော်သူရ၊ ဆရာ မျိုးဟိန်း၊ ဆရာထက်မြတ်ဦးတို့ သည် ဇန်နဝါရီယ ၁၁ ရက်တွင် တောင်ကြီးမြို့ရှိ ရှမ်းတောင်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရုံး (SSSCCI) ၌ Empowering Entrepreneur (Seminar) နှင့် Overcome Challenges to Start New Business(Panel Discussuon) ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)