သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင်ကျောက်စိမ်းတုံးနှင့် ရှေးဟောင်းပစ္စည်းများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, January 15, 2020

သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင်ကျောက်စိမ်းတုံးနှင့် ရှေးဟောင်းပစ္စည်းများ ဖမ်းမိ


ကိုညီ (သိန္နီ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဇန်နဝါရီလ ၁၄ ရက်၊ ညနေပိုင်းက ကျောက်စိမ်းနှင့် ရှေးဟောင်းပစ္စည်းဟု ယူဆရသော ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
သိန္နီရေပူစစ်ဆေးရေးစခန်းမှ အကောက်ခွန်ဦးစီးဌာန လှည့်ကင်းတာဝန်ကျအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်၊ ညနေ ၆ နာရီခန့်က လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ် (၁၉၇/၅)၊ ပန်ဖတ်ကျေးရွာအနီးတွင် စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေစဉ် Nissan Windroad ယာဉ်မှာ မသင်္ကာဖွယ်ရာ ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယာဉ်အား စစ်ဆေးရေးစခန်းအတွင်းသို့ မောင်းနှင်စစ်ဆေး ခဲ့ရာ ယာဉ်ပေါ်တွင် ကျောက်စိမ်းဟု ယူဆရသည့် ကျောက်တုံးအရွယ်အစားစုံ ၇၆ ကီလို၊ ကျောက်ဖြင့် ပြုလုပ်ထား သော ပုတီး၊ လက်ကောက် အချောထည် ၃၁ ကီလို၊ စုစုပေါင်းအလေးချိန် ၁၀၇ ကီလို၊ ခန့်မှန်းတန်ဖိုး ၅၃၅၀၀၀၀ ကျပ်နှင့် ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ပစ္စည်း ၂၂ မျိုး (တန်ဖိုးစိစစ်ဆဲ) တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရေပူစစ်ဆေးရေးစခန်းတာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats