ညောင်ရွှေမြို့နယ် စံကားကျေးရွာ အပါအဝင် ကျေးရွာ ၃ ရွာ လျှပ်စစ်မီးလင်းရေးနှင့် ပတ်သက်၍ လူထုတွေ့ဆုံပွဲ ပြုလုပ် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 4, 2020

ညောင်ရွှေမြို့နယ် စံကားကျေးရွာ အပါအဝင် ကျေးရွာ ၃ ရွာ လျှပ်စစ်မီးလင်းရေးနှင့် ပတ်သက်၍ လူထုတွေ့ဆုံပွဲ ပြုလုပ်


စိုင်းရာဇာ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ လျှပ်စစ် မီးလင်းရေးနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၊ နံနက် ပိုင်းက သက်ဆိုင်ရာဌာနအဖွဲ့ အ စည်း များနှင့် ဒေသခံလူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“မီးမလင်းခင်က နေရတဲ့ ကာ လမှာ တစ်ဦးနဲ့ တစ်ဦး စည်းစည်းလုံး လုံး နေကြတယ်။ မီးပေးတော့မှ တစ် ဦးနဲ့တစ်ဦး အဆင်မပြေ ဖြစ်သွားမှာ စိုးရိမ်တယ်။ ထရန်စဖော်မာအိုးကို တော့ နိုင်ငံတော် ချပေးမယ်။ ဆက် စပ်တဲ့ ပစ္စည်းတွေကိုတော့ မီးသုံးစွဲ တဲ့သူတွေက အကုန်ကျခံရမယ်။ ဒါ မျိုးက တစ်နိုင်ငံလုံးမှာ ကျင့်သုံးနေ တာပါ”ဟု ရှမ်းပြည်နယ် အစိုးရအ ဖွဲ့ဝင် အင်းတိုင်းရင်းသား လူမျိုးရေး ဝန်ကြီး ဒေါက်တာ ထွန်းလှိုင်က ပြောသည်။
.
ထို့အတူ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကလည်း “လျှပ်စစ်မီး ရရှိ ဖို့ လုပ်တာက အခက်အခဲ အများကြီး ဆိုတာ လူတိုင်း သိပြီးသားပါ။ ပြည်သူ့ အစိုးရ လက်ထက်မှာ အာ ဏာအပြည့် အပ်နှင်းထားတယ်။ မီးကော်မတီတွေ၊ လမ်းကော်မတီ တွေကို လုပ်ပိုင်ခွင့် အာဏာအပြည့် ပေးထားတယ်။ ကျွန်တော်တို့က ကော်မတီမှာ အခက်အခဲတွေ တွေ့ နေလား၊ ကော်မတီ တွေက ပြည်သူတွေအပေါ်မှာ မောက်မာ နေလား၊ ပိုက်ဆံတွေ ကောက်ပြီး အလွဲသုံးစား လုပ်နေလား၊ အဲဒီ ကော်မတီတွေကို ထိန်းကျောင်းဖို့ပဲ လုပ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ညောင်ရွှေမြို့နယ်၊ စံကားကျေး ရွာအုပ်စုမှ ကျေးရွာ ၃ ရွာ လျှပ်စစ် မီး ရရှိမည့်ကိစ္စနှင့် ပတ်သက်၍ လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ် စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆/၁၁ အမ်ဗွီဓါတ်အားခွဲရုံ လျှပ်စစ် မီး ဖြန့်ဖြူးမှု မီးလင်းပွဲ ဖွင့်ပွဲအခမ်း အနားကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
စံကားကျေးရွာနေ ဒေသခံအချို့မှ လျှပ်စစ်မီး ရရှိရေးအတွက် ပေးသွင်းရမည့် ငွေအား အရစ်ကျ ပေးသွင်းလိုကြောင်း ဆန္ဒရှိနေခြင်းနှင့် ပတ်သက်၍ စံကားကျေးရွာ ၂၄ နာရီ လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဌ ဦးသန်းရွှေက “ စံကားမှာ မီးလင်းရေးနဲ့ ပတ်သက်လို့ အိမ်ခြေ ၃၀ လောက်က နုတ်ထွက်သွားတယ် ဆိုတာ မဟုတ်ပါဘူး။ စံကားမှာ အိမ်ခြေ ၂၈၇ အိမ် ရှိပြီး အခု မီတာ ဘောက်လျှောက်တာ အိမ်ခြေ ၂၈၀ ရှိပါတယ်။ ၇ အိမ်ကတော့ သူတို့ စီးပွားရေးအခြေအနေအရ မယူ ဖြစ်ပါဘူး။ မီးရဖို့ဆိုတာ အနှစ်နှစ် အလလက စောင့်နေရတဲ့ ကိစ္စပါ ငွေရေး ကြေးရေး မပြေလည်တဲ့ ရွာ သားတွေအတွက် အစည်းအဝေး မခေါ်ခင် ဧရာဝတီဘက်က AYA Farmer Development ကနေ ငွေ ချေးဖို့ တောင်းဆိုခဲ့တယ်။ ဘဏ်က နေ ပြီးတော့ ကော်မတီက ခေါင်းခံ ပြီး ချေးပေးတာက သူတို့အတွက် အရစ်ကျ လုပ်ပေးတာနဲ့ အတူတူ ပါပဲ” ဟု ပြောသည်။
.
လျှပ်စစ်မီး ရရှိရေးအတွက် စံကားကျေးရွာတွင် ၂၀၀ ဗို့ ထရန်စ ဖော်မာ ၁ လုံး၊ ကုန်းသာနှင့် ကွမ်းခမ်း ကျေးရွာတို့တွင် ၁၀၀ ဗို့ ထရန်စ ဖော်မာ ၁ လုံးစီ တပ်ဆင်ပေးထားကြောင်း သိရသည်။
.
အဆိုပါ စံကားကျေးရွာအုပ်စုရှိ ကျေးရွာအချို့မှာ ၁၉၆၉ ခုနှစ်၊ မိုး ဗြဲဆည် တည်ဆောက်စဉ်က ရေအောက်သို့ နစ်မြုပ်ခဲ့ရဖူးကြောင်း သိရသည်။
.
စံကားကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများအနက် ရွာအနက်မှ ၃ ရွာသာ ပထမဆုံး လျှပ်စစ်မီး ရရှိ မည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)