ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ရှမ်းမြောက်တိုက်ပွဲများအတွင်း သေဆုံးခဲ့ရသည့် ပရဟိတသမားနှင့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, January 16, 2020

ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ရှမ်းမြောက်တိုက်ပွဲများအတွင်း သေဆုံးခဲ့ရသည့် ပရဟိတသမားနှင့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်မည်


စိုင်းရာဇာ
.
လာမည့် ဖေဖော်ဝါရီလ ၇ ရက် တွင် ကျရောက်မည့် ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ရှမ်း မြောက်တိုက်ပွဲကာလ၌ သေ ဆုံးခဲ့သည့် ပရဟိတသမားတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆု များပေးအပ် ချီးမြှင့်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွယ် ရှိနေ ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထံမှ သိရသည်။
.
.
၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်း ပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အ စည်းအဝေးကို ဇန်နဝါရီလ ၇ ရက် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အ စိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
“ရှမ်းပြည်နယ်နေ့ အခမ်းအနား ကို နှစ်စဉ်ကျင်းပ ဆောင်ရွက်ခဲ့ရာ အခုဆိုရင် ၇၃ နှစ်ပြည့်မြောက်ပြီဖြစ် ပြီး ထူးထူးခြားခြားအနေနဲ့ ၇၃ နှစ် မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအ နားကို နိုင်ငံတော်သမ္မတကြီးနဲ့အတူ နိုင်ငံတော် အကြီးအကဲများ တက် ရောက်ချီးမြှင့်မှာ ဖြစ်ပါတယ်။ နိုင်ငံ တော်အကြီးအကဲများ လာရောက် မှာဖြစ်တဲ့အတွက် မိမိတို့ဘက်မှ လုပ် ငန်းကော်မတီများ အလိုက်လုပ်ငန်း ပိုင်းဆိုင်ရာများနဲ့ ပတ်သက်ပြီး လစ် ဟာမှုမရှိစေရေး အလေးထားဆောင် ရွက်စေလိုပါ တယ်” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အစည်းအ ဝေးတွင် ပြောဆိုခဲ့သည်။
.
၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည် နယ်အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများ စာရင်းကို သက် ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊ စီမံခန့်ခွဲမှုကော်မတီများထံမှ စာရင်း ကောက်ယူ၍ ရှမ်းပြည်နယ် အစိုးရအ ဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများက စိစစ်ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
.
“လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုး ရေးဆိုင်ရာ  ဆုကတော့ နိုင်ငံတော်အ တွက် အသက်ပေးလှူသွားတဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို ပေးထားတယ်။ လူမှုထူးချွန်ဆုကတော့ ရှမ်းမြောက် ဖြစ်စဉ်တုန်းက လူမှုကူညီရေးအ သင်းက ဦးထွန်းမြင့်ကို ပေးထား တယ်။  နောက် ရှမ်းပြည်နယ်ရဲ့ဂုဏ် ကို ဆောင်ရွက်ပေးခဲ့တဲ့ တေးရေး/ တေးဆိုတွေကိုလည်း လူမှုထူးချွန် အနေနဲ့ ပေးဖို့ ဒီနှစ်လျာထားပါ တယ်” ဟု ရှမ်းပြည်နယ် ဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆု ချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော် မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယခုနှစ်တွင် ရှမ်းပြည်နယ် ဂုဏ် ထူးဆောင်ဆုများအနေဖြင့် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ စီမံထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေး ထူးချွန်ဆု၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆု၊ လူမှုထူးချွန်ဆု၊ သု တေသနဆိုင်ရာ ထူးချွန်ဆု စသည့် ထူးချွန်ဆု ၃၈ ခုကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်း ချီးမြှင့်ခြင်းဆိုင်ရာဥပဒေကို ပထမအကြိမ် ရှမ်းပြည်နယ် လွှတ် တော် သက်တမ်းအတွင်း ၂၀၁၄ ခု နှစ်၊ စက်တင်ဘာလ ၃ ရက်က ရှမ်း ပြည်နယ်လွှတ်တော် ဥပဒေအမှတ် (၃) ဖြင့် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ရှမ်းပြည်နယ်အကျိုး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ သူများကို စံနမူနာပြအဖြစ် ရည်ရွယ် ၍ ဆုများပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
၂ဝ၁၉ ခုနှစ် ရှမ်းပြည်နယ်ဂုဏ် ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူး ဆောင်ဆု ချီးမြှင့်ခြင်းဆိုင်ရာ စိစစ် ရေးကော်မတီကို ပြည်နယ်လူမှုရေး ဝန်ကြီး၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီး၊ ပြည်နယ်စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန် ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည် နယ် အစိုးရအဖွဲ့အတွင်းရေးမှူးတို့ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
.
၇၃ နှစ်မြောက် ရှမ်းပြည်နယ် နေ့ အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံ ကွင်း သို့မဟုတ် ပြည်နယ်မိုးလုံလေ လုံအား ကစားခန်းမတွင် ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
ပင်လုံစာချုပ်တွင် ပါဝင် လက် မှတ် ရေးထိုးနိုင်ရေးအတွက် စော် ဘွားများနှင့် လူထုကိုယ်စားလှယ် တို့ ပူးပေါင်းနိုင်ခဲ့သည့် ဖေဖော်ဝါ ရီလ ၇ ရက် (၁၉၄၇ ခုနှစ်)ကို ရှမ်း အမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ရှမ်း ပြည်နယ်၌ အခြားတိုင်းရင်းသား လူမျိုးစုများလည်း စုပေါင်း နေထိုင် ကြသဖြင့် ရှမ်းအမျိုးသားနေ့ကို ရှမ်း ပြည်နယ်နေ့အဖြစ် ပြင်ဆင် သတ် မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats