ပုံပါကျင်တွင် ကိုယ်ထူကိုယ်ထလမ်းသစ် ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, January 2, 2020

ပုံပါကျင်တွင် ကိုယ်ထူကိုယ်ထလမ်းသစ် ဖွင့်လှစ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာတွင် ဌာနဆိုင်ရာပံ့ပိုးမှုဖြင့် ဖောက်လုပ် သည့် ကိုယ်ထူကိုယ်ထလမ်းအား ဇန်နဝါရီလ ၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.

.
“စည်ပင်ဝန်ကြီးရောက်တုန်းက ဒီလမ်းဖောက်ချင်တယ်လို့ တင်ပြတော့ ဝန်ကြီး ကတ္တရာပေးမယ်ပြောပြီး စည်ပင်ဌာန အနေနဲ့ ကူခဲ့တယ်။ လမ်းတံတားနဲ့ ထွေအုပ်အကူအညီ၊ ရပ်ရွာက အားစိုက်မှုနဲ့ လမ်းပြီးသွားတော့ ပျော်ရပါတယ်။ အစမှာတော့ ငွေကြေးအခက်အခဲအရ အလှူခံခဲ့ရပြီး လှူတဲ့သူတွေ ရှိလာပါတယ်” ဟု နားကောင်းမူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါလမ်းကို တစ်နှစ်ကျော်ကျာ်ခန့် ဖောက်လုပ်ခဲ့ရပြီး ကုန်ကျစရိတ်မှာ စည်ပင်ဌာနမှ ကူညီသည့် ကတ္တရာတန် ဖိုးအပါအဝင် စုစုပေါင်း ကျပ်သိန်း ၃၀၀ ခန့် ရှိကာ လမ်းပြီးစီးသွားသောကြောင့် ဘုန်းကြီးကျောင်းသို့ လာရောက်သူများ အထူးသဖြင့် ဥပုသ်သီတင်းသီလဆောက်တည်သူများ အတွက် အဆင်ပြေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်၊
.
ယင်းလမ်းဖောက်လုပ်ရာတွင် စည်ပင်သာယာရေးဌာနမှ ကတ္တရာ ၇ ဒသမ ၅၇ တန် ကူညီပေးခဲ့ပြီး ယာဉ်ယန္တရားများ၊ အုပ်ချုပ်ရေးအကူအညီများ ဆောင်ရွက်ပေးခဲ့သည်ဟု ပုံပါကျင်မြို့၊ စည်ပင်သာယာရေးဌာန တာဝန်ခံ ဦးချစ်ကိုကိုအောင်က ပြောသည်၊။
.
ယခုဖောက်လုပ်သည့် လမ်းသစ်မှာ အရှည် ၁၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိကာ မိုင်းတုံ-ပုံပါကျင်သွား ကားလမ်းမှ နားကောင်းမူး ရပ်ကွက်(၁) ရှိ ကျောင်းကောင်းမူး ဘုန်းတော်ကြီးကျောင်းသို့ သွားလမ်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိုယ်ထူကိုယ်ထလမ်းဖွင့်ပွဲသို့ မိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်နှင့်ဌာနဆိုင်ရာများ ၊ ဒေသခံများ စုစုပေါင်း အင်အား ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)