ပုံပါကျင်ရှိ အထက်တန်းကျောင်း ၂ ကျောင်းတွင် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ လုံလောက်စွာ ချထားပေးစေလိုဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, January 8, 2020

ပုံပါကျင်ရှိ အထက်တန်းကျောင်း ၂ ကျောင်းတွင် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ လုံလောက်စွာ ချထားပေးစေလိုဟု ဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါ ကျင်မြို့၊ နားကောင်းမူးကျေးရွာ အ ထက်တန်းကျောင်းနှင့် အထက ပုံပါ ကျင်ကျောင်းများတွင် အရည်အချင်း ပြည့်မီသည့် ဆရာ/ဆရာမများ လုံ လောက်စွာ ဖြည့်ဆည်းပေးစေလို ကြောင်း မြို့မိမြို့ဖများ၊ ကျောင်း အ ကျိုးတော်ဆောင်များနှင့် ကျောင်း သားမိဘများထံက သိရသည်။
.
 
.
ယင်းကဲ့သို့ အရည်အချင်းပြည့် မီသည့် ဆရာ/ဆရာမများ မရှိသည့် အတွက် အဆိုပါ နားကောင်းမူးနှင့် ပုံပါကျင် အထကကျောင်းများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင် မြင်သူ လုံးဝမရှိသည်မှာ ၄ နှစ်ခန့် ရှိ ပြီ ဖြစ်ကြောင်း သိရသည်။
.
၂၀၁၆ ခုနှစ်မှ၂၀၁၉ ခုနှစ်အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ တွင် ပုံပါကျင်အထကမှ အောင်မြင် သူ လုံးဝ မရှိသေးဘဲ နားကောင်းမူး အထကမှ အောင်မြင်သူ တစ်ဦးသာ ပေါ်ထွက်ခဲ့ဖူးကြောင်း သိရသည်။
.
“အလယ်တန်းပြ ရာထူးတိုးပြီး ကျောင်းရောက်လာတယ်။ မူအရ တစ်နှစ်ပြည့်ရင် ပြန်ပြောင်းကြတယ်။ တချို့ဆိုရင် ဒီရောက်မှ အထက်တန်း သင်ဖူးတာ၊ ကလေးတွေက အစမ်း သပ်ခံ ဖြစ်နေကြတယ်။ မြို့ကဆရာ ငှားပြီးသင်တယ် ဆိုပေမယ့် မလုံ လောက်ဘူး” ဟု ပုံပါကျင်မှ ယခင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးစိုင်းဝင်းမြတ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ရပ်ရွာမှ ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ပေးထားသည့် ကျောင်းဆောင်မှာလည်း ယိုယွင်း ပျက်စီးကာ အန္တရာယ်ဆောင်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် အပြင် ကျောင်းဝင်းခြံစည်းရိုး မရှိသော ကြောင့် ကလေးများအတွက် အထူး စိုးရိမ်စရာ ဖြစ်နေသည်ဟု ပုံပါကျင် မြို့နေ ကျောင်းအကျိုးတော်ဆောင် ဒေါ်ခင်စန်းမေက ပြောသည်။
.
ကျောင်းသား မိဘတစ်ဦးဖြစ် သူ ဦးဒါဂျူးကလည်း ကျောင်းအနီး ဝန်းကျင်တွင် မူးယစ်ဆေးဝါး သုံးစွဲ ထားမှုများကို တွေ့ရှိရသဖြင့် က လေးများအတွက် အထူးဂရုစိုက်ရန် လိုအပ်နေကြောင်း ပြောဆိုခဲ့သည်။
.
ပုံပါကျင် ကျောင်းအုပ်ဆရာကြီး ဦးကျော်သာထွန်းက ဆရာ/ဆရာမ မလုံလောက်မှုကြောင့် ပညာသင်နှစ် အစမှ စက်တင်ဘာလကုန်အထိ ကျောင်းချိန်အား မနက်တစ်ပိုင်း၊ မွန်းလွဲပိုင်းတစ်ပိုင်း ၂ ချိန်ခွဲ၍ ၎င်း ကိုယ်တိုင်အပါအဝင် ဆရာဆရာမ များ အနားမယူဘဲသင်ကြားပေးခဲ့ရ ပြီး ယခုမှသာ ဆရာမ ၃ ဦးတိုးလာ သဖြင့် အောက်တိုဘာလမှ စကာ ပုံမှန်ကျောင်းချိန်အတိုင်း သင်ကြား နိုင်ခဲ့သော်လည်း ဘာသာရပ်သင် ဆရာအင်အား မလုံလောက်သဖြင့် လုံလောက်စွာ သင်ကြားနိုင်ရေးမျှော် လင့်ကြောင်း ပြောသည်။
.
ပုံပါကျင်အထကတွင် နှစ်အ လိုက် တက္ကသိုလ်ဝင်တန်း ဖြေဆိုမှု အနေဖြင့် ၂၀၁၅-၂၀၁၆ ပညာသင် နှစ်တွင် ၁၃ ဦး ရှိခဲ့ရာမှ ကျောင်းပ ညာရေးကို ယုံကြည်မှုမရှိတော့ခြင်း၊ အခြားဒေသများသို့ ပညာသင်စေ ခြင်းတို့ကြောင့် ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၅ ဦးသာ ကျန်ရှိပြီး ငွေကြေး မတတ်နိုင်သူကျောင်းသား အနည်းငယ်သာ ကျန်ရှိခြင်း ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
အလားတူ နားကောင်းမူး အထ က ကျောင်းတွင်မူ ယခုစာသင်နှစ် ၌ မူလတန်း ကျောင်းသား ၆၄၃ ဦး အတွက် ဆရာ ၇ ဦးရှိသော်လည်း ဆရာတစ်ဦးကို အခြားကျောင်းတွဲ ထားသဖြင့် ဆရာနှင့် ကျောင်းသား အချိုးမှာ ၁ : ၁၀၇ ဖြစ်နေသည့်အ တွက် သင်ကြားမှုမထိရောက် ကြောင်း တတိယတန်းပြ ဆရာမ ဒေါ်သဇင်ထက်က ပြောသည်။
.
“ကလေးတွေအတွက် တတ် စွမ်းသမျှ မြို့ကဆရာငှားပြီး ထောက် ပံ့ကြပေမဲ့ မလုံလောက်ဘူး။ ဒီနှစ်ဆို ရင် အင်္ဂလိပ်စာပြဆရာ မငှားနိုင် တော့ဘူး။ သင်ရိုးသစ်အရလည်း သင်တန်းမတက်ထားရင် စာပြလို့မ ရတော့ ငှားနိုင်ရင်တောင် မရတော့ ဘူး” ဟု နားကောင်းမူးကျောင်း အ ကျိုးတော်ဆောင် ဦးအောင်ကြည် စိုးက ပြောသည်။
.
ထို့အပြင် ကျောင်းအတွက် လို အပ်သည့် ရှမ်းစာသင်ဆရာ ၂ ဦးကို ရပ်ရွာမှ ငွေကြေးထောက်ပံ့ပေးနေ သော်လည်း နိုင်ငံတော်မှ တစ်လ ကျပ် ၃၀၀၀၀ သာ ထောက်ပံ့ခြင်း မှာ မလုံလောက်သဖြင့် အမြဲတမ်း ခန့်ထားပြီး လစာပေးရန် လိုအပ် ကြောင်း၊ ယင်းရှမ်းစာသင် ဆရာ များက ကျောင်းဆရာ/ဆရာမ လုံ လောက်မှုကို ဖြည့်ဆည်းပေးနေခြင်း ဖြစ်ကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေး မှု အသင်းဥက္ကဋ္ဌ ဦးစိုင်းလှမောင်က လည်း ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ဆရာ/ဆရာမ မလုံ လောက်မှုနှင့် ပတ်သက်၍ မိုင်းတုံ မြို့နယ် ပညာရေးမှူး ဒေါ်မြလင်းက ဆရာ/ဆရာမ မလုံလောက်ခြင်းသာ အဓိကဖြစ်ပြီး မူလတန်းပြဆရာ လုံး ဝမရှိသေးသည့် နားကော့၊ ဆီငင်း၊ ပိန်းမုံ၊ နားချန် မူလတန်းကျောင်းခွဲ များအတွက် အခြားကျောင်းများမှ သွားရောက် သင်ကြားနေရသဖြင့် လိုအပ်သည့် ဆရာများ ချထားပေး နိုင်ရေး သက်ဆိုင်ရာသို့ တင်ပြထား သော်လည်း ပြည့်မီရန် မလွယ်ကူ သေးကြောင်း ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍  ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က “ဆရာ/ဆရာမ လိုအပ်မှုကလည်း များတယ်။ အထက်တန်းဆိုရင် လစ် လပ်မှုတွေကလည်း အများကြီးပါ။ အဲဒါတွေက ပညာရေးဝန်ကြီးဌာန ကိုတော့ နှစ်စဉ်တောင်းပေးနေပါ တယ်။ ပညာရေးဝန်ကြီးဌာနကပေး လာတဲ့ ခွဲတမ်းအရေအတွက်နဲ့ ပြန် ပြီးခန့်ပေးရတာပါ။ ပညာရေးဝန်ကြီး ဌာန သတ်မှတ်ချက်ကတော့ တစ် ဘာသာထဲတော့ မဟုတ်ဘူး။ ဥပမာ ရူပဗေဒဆိုရင် သင်္ချာပါ တွဲသင်နိုင် ရမယ်ဆိုတာ မျိုးတွေပေ့ါ။ အဓိက တော့ ဆရာဆရာမ မခန့်ပေးနိုင်တာ လည်းပါပါတယ်”ဟု ပြောဆိုခဲ့သည်။
.
မိုင်းတုံမြို့နယ်အတွင်း အခြေခံ ပညာ အထက်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ မူလွန်ကျောင်း၂ ကျောင်း၊ မူလတန်းကျောင်း ၃၁ ကျောင်း၊ အ မက (ခွဲ) ၄ ကျောင်းရှိပြီး ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသား/သူ ၃၅၁၆ ဦး၊ အ လယ်တန်း ၁၃၀၂ ဦး၊ အထက်တန်း ၃၀၆ ဦး၊ စုစုပေါင်း ၅၁၄၄ ဦးရှိကာ  ဆရာဦးရေမှာ အထက်တန်းကျောင်း အုပ် ၃ ဦး၊ အလယ်တန်းကျောင်း အုပ် ၁ ဦး၊ မူလတန်းကျောင်းအုပ် ၂၆ ဦး၊ အထက်တန်းပြ ၁၄ ဦး၊ အထက်တန်းပြ (ကာယ) မရှိ၊ အ လယ်တန်းပြ ၃၄ ဦး၊ လယ်/ပြ (ကာ ယ) မရှိ၊ လယ်/ပြ (PGDA) ၁ ဦး၊ လယ်/ပြ (၂) ၆ ဦး၊ မူလ တန်းပြ ၆၃ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၁၉ ခုနှစ် စာရင်းအရ သိရသည်။
.
ဆရာ/ဆရာမ လိုအပ်ချက်အ နေဖြင့် ခွဲဝေမှုအရ လိုအပ်သည့် ဆ ရာစာရင်းမှာ ထက်/ပြ ၆ ဦး၊ လယ်/ ပြ ၅ ဦး၊ မူ/ပြ ၈၆ ဦး ဖြစ်ပြီး ကာယ ဆရာများနှင့် လယ်/ပြ(PGDA) ၂ ဦး၊ လယ်/ပြ(၂) ၆ ဦးတို့ လိုအပ်နေ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats