ရှမ်းပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ စခန်းအချို့အား တယ်လီဖုန်း ခေါ်ဆိုရာတွင် ဖုန်းကိုင် ဖြေကြားမှု မရှိဘဲ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

ရှမ်းပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ စခန်းအချို့အား တယ်လီဖုန်း ခေါ်ဆိုရာတွင် ဖုန်းကိုင် ဖြေကြားမှု မရှိဘဲ ဖြစ်နေ


စိုင်းရာဇာ
.
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ ရဲစခန်းအချို့အား တယ်လီဖုန်းခေါ်ဆိုရာတွင် ဖုန်းကိုင် ဖြေကြားမှု မရှိကြောင်း သိရသည်။
.
.
မှုခင်းဖြစ်ပွားရာတွင်ဖြစ်စေ အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ဖြစ်စေ သက်ဆိုင်ရာ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းများအား တယ်လီဖုန်း ဆက်သွယ်ပါက ဖုန်းလက်ခံဖြေ ကြားမှုမရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိစ္စတစ်ခုနဲ့ ရဲစခန်းကို ဖုန်းဆက်တာ ဖုန်းမကို်င်ပါဘူး။ တကယ်တမ်း အရေးအကြောင်း ဖြစ်လို့ အကူအညီလိုတဲ့သူက ဖုန်းဆက်မယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ” ဟု ရဲတပ်ဖွဲ့စခန်းတစ် ခုသို့ တယ်လီ ဖုန်းဆက်သွယ်ခဲ့သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆို ခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသန်း အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေး မြန်းရာတွင် တိကျစွာပြန်လည်ဖြေ ကြားခဲ့ခြင်း မရှိချေ။
.
လက်ရှိတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်၊ မြို့နယ်၊ စခန်းများ၏ ဆက်သွယ်ရန် တယ်လီ ဖုန်းနံပါတ်များကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန် ပေးထားသော်လည်း အချို့ တယ်လီဖုန်း များမှာ ခေါ်ဆို၍ မရခြင်း၊ ဖုန်းဝင် သော်လည်း လက်ခံဖြေကြားမှု မရှိ ခြင်းများ ရှိနေကြောင်း သိရသည်။
.
တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၌ တပ်ဆင်ထားသည့် အရေးပေါ် တယ်လီဖုန်း ဆက်သွယ် ရေးနံပါတ် 199 Call Center ကို ပြီးခဲ့ သည့် မေလကုန်မှ စတင်၍ ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန် အ ထိ ၆ လတာအတွင်း ဆက်သွယ်တိုင်ကြားမှု ၁၅ မှုသာ ရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats