ရှမ်းမြောက်မြို့နယ် ၃ ခုတွင် ဘိန်းဖြူနှင့် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Tuesday, January 14, 2020

ရှမ်းမြောက်မြို့နယ် ၃ ခုတွင် ဘိန်းဖြူနှင့် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ မိုင်းရယ်နှင့် မဘိမ်းမြို့နယ်များတွင် ဇန်နဝါရီလ ၁၂ ရက်က ဘိန်းဖြူနှင့် စိတ်ကြွမူး ယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
.
Photo - CCDAC Myanmar
.
တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဇန်နဝါရီလ ၁၂ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာနေ အောင်ကိုလတ် (၂၉ နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းနှင့်အတူ တစ်ရွာတည်းနေ ဝင်းထို (၄၀ နှစ်) တို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်း ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွမူးယစ်ဆေးဝါး ၇၉၀၀ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုး ကျပ် ၁၅၈ သိန်းခန့်၊ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၀၀ ဂရမ်၊ ကာလပေါက်ဈေး တန်ဖိုးငွေ ၁၉ သိန်းကျပ်နှင့် ဓါးဦးချွန်တစ်ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ အောင်ကိုလတ် (၂၉ နှစ်) နှင့် ဝင်းထို (၄၀ နှစ်) တို့အား မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
အလားတူ ယင်းနေ့မွန်းလွဲပိုင်းတွင် မူဆယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် (၁) လမ်းနှင့် ပန်လုံ (၅) လမ်းကြားတွင် လမ်းလျှောက်လာသူ အောင်ဆန်းဝင်း (၂၄ နှစ်) ဆိုသူအား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွမူးယစ်ဆေးဝါး ၅၂၆၅ ပြား၊ ဒေသကလပေါက်ဈေး တန်ဖိုး ၇၉ ဒသမ ၉၇၅ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ သာပဒေါင်ကျေးရွာနေ အောင်ဆန်းဝင်း (၂၄ နှစ်) အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် ယင်းနေ့ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-သီပေါသွား ကားလမ်းတွင် တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေစဉ် သီပေါဘက်မှ မိုင်းရယ်ဘက်သို့ နိုင်လင်းအောင် (ခ) နောင်နောင် (၃၇ နှစ်) စီးနင်းမောင်းနှင် လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွမူးယစ်ဆေးဝါး ၂၅၅၀ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၅၁ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ လားရှိုးမြို့၊ ရပ်ကွက် (၉)နေ နိုင်လင်းအောင်(ခ)နောင်နောင် (၃၇ နှစ်) အား မိုင်းရယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats