မိုင်းတုံ-တာဆန်းလမ်းအား ပြုပြင်နေစဉ် တစ်ရက် ၂ ကြိမ် ခေတ္တ လမ်း ပိတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, January 16, 2020

မိုင်းတုံ-တာဆန်းလမ်းအား ပြုပြင်နေစဉ် တစ်ရက် ၂ ကြိမ် ခေတ္တ လမ်း ပိတ်မည်


မင်းဇော်မင်း
.
ရှမ်ပြည်နယ်အရှေ့ပိုင်း၊ သံလွင် မြစ်ကူးတံတား (တာဆန်း)မှ မိုင်းတုံ မြို့အထိ လမ်းပိုင်းတွင် လမ်းတိုးချဲ့ ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် တစ်ရက်လျှင် နံနက် ၁၀ နာရီနှင့် မွန်းလွဲ ၂ နာရီတို့တွင် တစ်ကြိမ်စီ လမ်းခေတ္တပိတ်ထားမည် ဖြစ် ကြောင်း သိရသည်။
.
.
“တစ်ခါပိတ်ရင် နာရီဝက် လောက်ပါပဲ။ လမ်းချဲ့နေတုန်းတော့ ခက်ခဲပေမယ့် ပြီးသွားရင် ယာဉ် မောင်းချိန် မိနစ် ၃၀ လောက်လျော့ သွားမှာဖြစ်ပါတယ်”ဟု လမ်းအထူး အဖွဲ့ (၃)မှ အငယ်တန်းအင်ဂျင်နီယာ (၂) မြို့ပြ ဒေါ်ယဉ်မွန်သော်က ပြော သည်။
.
မိုင်းတုံ-တာဆန်းလမ်း ပြုပြင် နေ သည့်နေရာများမှာ ၁၈၇ ကီလိုမီ တာမှ ၁၉၈ ကီလိုမီတာအကြား၊ အ ရပ်အခေါ် တာဆန်းမှ ရွှေတောင် သို့အတက်နှင့် ၂၀၅ ကီလိုမီတာမှ ၂၀၇ ကီလိုမီတာအကြား၊ အရပ်အ ခေါ် လွယ်ပွတ်နှင့် ရွှေတောင်ကြား တို့ဖြစ်ပြီး ယခုနှစ်အတွင်း လမ်းပြင် ဆင်မှု ၁၁ ကီလိုမီတာ အနက်ကတ္တ ရာခင်းခြင်း ၉ ဒသမ ၅ ကီလိုမီတာ နှင့် ကွန်ကရစ် ၁ ဒသမ ၅ ကီလိုမီတာ ဆောင်ရွက်သွားမည်ဖြစ်သည်။
.
လက်ရှိတွင် တောင်ကြီးမှ မိုင်း တုံသို့ ယာဉ်မောင်းချိန် ၁၂ နာရီခန့် ကြာမြင့်ပြီး မျက်ကွယ်ကွေ့များ၊ ခြုံ များ၊ တောင်ပတ်ရှောင်လမ်း (လင်း ခေး)များ ပြီးစီးပါက ယာဉ်မောင်းချိန် ပိုမိုလျော့ကျကာ မော်တော်ယာဉ် ပျက်စီးမှုနှင့် စက်သုံးဆီကုန် ကျမှု များလည်း လျှော့ချနိုင်မည်ဖြစ် ကြောင်း သိရသည်။
.
မိုင်းတုံတာဆန်းလမ်းမှာ စုစု ပေါင်း ၃၃ မိုင် ရှိပြီး ပေ ၄ဝဝဝ ကျော် မြင့်မားသော လွယ်ပွတ်တောင်အပါ အဝင် တောင်ဆင်းတောင်တက်နှင့် အကွေ့အကောက် များပြားသည့် လမ်းဖြစ်ကာ ယခုနှစ်ကတ္တရာခင်းပြီး ပါက ယာဉ်မောင်းချိန် ပိုမိုလျော့ကျ သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats