မလေးရှားနိုင်ငံ Conutry Universityတွင် ဩစတေးလျဘွဲ့ဒီဂရီ ရယူနိုင် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 3, 2020

မလေးရှားနိုင်ငံ Conutry Universityတွင် ဩစတေးလျဘွဲ့ဒီဂရီ ရယူနိုင်


ကမ္ဘောဇတိုင်း
.
မလေးရှားနိုင်ငံ၊ Miri မြို့ရှိ Conutry University သည် ဩစ တေးလျနိုင်ငံအခြေစိုက် Curtin University International Campus များအနက် အကြီးဆုံး Campus တစ်ခုဖြစ်ပြီး ကျောင်းလခ နှင့် နေထိုင်စားသောက်စရိတ် သက် သာစွာဖြင့် ဩစတေးလျပညာရေးကို သင်ယူနိုင်မည်ဖြစ်ကာ ဘွဲ့ဒီဂရီရရှိ နိုင်မည် ဖြစ်ကြောင်း သိရသည်။
.
 
.
မြန်မာနိုင်ငံမှ ၁၀ တန်း အောင် မြင်ပြီးသူများနှင့် IGCSE 'O' level ပြီး ဆုံးပြီးသူများ အနေဖြင့် Australia တက္ကသိုလ် ဘွဲ့ကြို foundation တန်းကို စတင် တက်ရောက်နိုင်ပြီး ၎င်း foundation တန်း ပြီးဆုံးပါက Bachelor ဘွဲ့ဒီဂရီတန်း သို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ် သည်။
.
မလေးရှားနိုင်ငံရှိ Curtin Uni-versity မှ သင်ကြားပို့ချပေးသော သင်ရိုးညွှန်းတမ်းများသည် Aust-ralia နိုင်ငံ Perth မြို့ရှိ Curtin university ၏ ပင်မ တက္ကသိုလ်တွင် သင်ကြားပို့ချပေးသော သင်ရိုးညွှန်း တမ်းများနှင့် ထပ်တူညီပြီး ဘွဲ့ဒီဂရီ များကို Curtin university Austra-lia မှ တိုက်ရိုက် ပေးအပ်ခြင်း ဖြစ် ကြောင်း Myanmar Search Inter-national (MSI) မှ ဒေါ်စုစုလှိုင်ထံက သိရသည်။
.
Curtin university သည် Academic Ranking of World University 2019 အရ ကမ္ဘာတစ် ဝန်းရှိ တက္ကသိုလ်များ၏ ထိပ်တန်း အဆင့် ၁ ရာခိုင်နှုန်း တွင် ပါဝင်နေပြီး QS World University Ranking 2020 အရ ကမ္ဘာ့ အဆင့် ၂၃၀ တွင် ရှိနေကြောင်း သိရသည်။
.
Curtin University တွင် Mineral & Mining Engineering, Earth & Marine Sciences, Civil & Structural Engineering, Communication & Media Stu-dies, Chemical Engineering, Accounting & Finance, Business & Management Studies နှင့် Electrical & Electronic Engi-neering, Mechanical Enginee -ring, Computer Science & Information Systems ဘာသာ ရပ်များကို သင်ကြားပေးလျက်ရှိပြီး Curtin University Malaysia မှ ပေး အပ်ချီးမြှင့်သော ပညာသင်ဆု များမှာ- Curtin Malaysia Merit Scholarships, Pro Vice-Chan cellor's International Scholar-ships များအပြင် အခြားပညာသင် ဆု အမျိုးအစား များစွာကိုလည်း လျှောက်ထားနိုင်သည်။
.
Curtin University Malaysia တွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ Un-dergraduate, Postgraduate Courses များအပြင် Undergra -duate Programmes များမတိုင်မီ related sciences, Business, Humanities Foundation Courses များကိုပါ တက်ရောက်နိုင် မည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် လာမည့်ပညာသင်နှစ် မှ စတင်၍ Bachelor of Applied Science (Construction Manage-ment) Bachelor of Science (Computing) with streams in Software Engineering and Cyber Security Bachelor of Commerce (Management and Human Resources) နှင့် Master of Arts တို့ကို တိုးချဲ့သင်ကြားပေးသွား မည်ဖြစ် ကြောင်းသိရသည်။
.
Curtin University ၏ သင်ရိုး ညွှန်းတမ်းများကို အသိအမှတ်ပြု ထားသော အဖွဲ့အစည်းများမှာEngi-neers Australia, the Enginee- ring Accreditation Council of Malaysia, the Institute of Chemical Engineers in the United Kingdom (IChemE,UK), Association to Advance Collegiate Schools of Business (AACSB)နှင့် professional bodies တို့ဖြစ်ပြီး ဘွဲ့ရကျောင်းသား ကျောင်း သူများ အနေဖြင့် ဘွဲ့ရအပြီး ၆ လ အတွင်း အလုပ်ရနှုန်း မြန်ဆန်မှုရှိ ကြောင်း သိရသည်။
.
Curtin Malaysia တက္ကသိုလ် တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အရည်အချင်း ပြည့်မီသော ဆရာ ဆရာမများက သင်ကြားပေးလျက် ရှိပြီး  နိုင်ငံပေါင်း ၅၀ ကျော်မှ ကျောင်း သားပေါင်း ၄၀၀ နီးပါး လာရောက် သင်ယူလျက်ရှိကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)