စီမံကိန်းများ ဦးစားပေးဆာင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပြည်သူပူးပေါင်းပါဝင်ရန်လိုကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, January 16, 2020

စီမံကိန်းများ ဦးစားပေးဆာင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပြည်သူပူးပေါင်းပါဝင်ရန်လိုကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ပြောကြား

မောင်မောင်သန်း
.
ဖွံ့ဖြိုးမှုအခွင့်အလမ်းများ ရှိနေသည့် ရှမ်းပြည်နယ်အတွက် မဟာဗျူဟာမြောက် စီမံကိန်းများအား အဓိကဦးစားပေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းပါဝင်သည့် စီမံကိန်းများဖြစ်ရန် လိုကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။
.
.
နိုင်ငံတော်စီးပွားရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန (ရုံးချုပ်)၊ မြန်မာဖွံ့ဖြိုးမှုအဖွဲ့ အစည်း၊ Renaissance Institute နှင့် ရှမ်းပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် စီမံကိန်းဘဏ်ဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲနှင့် စီမံကိန်းအဆိုပြုလွှာပုံစံ ဖြည့်စွက်ခြင်းဆိုင်ရာ သင်တန်းကို ဇန်နဝါရီလလ ၁၆ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ရာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။
.
ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable  Development Plan)ကို ရေးဆွဲလျက်ရှိကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရန် ဆောင်ရွက် သည့်နေရာတွင် ရေရှည်တည်တံ့ခိုင်မြဲရုံသာမက ဟန်ချက်ညီရန် လိုအပ်ပါကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် အားလုံး ဟန်ချက်ညီရန်၊ အားလုံးပါဝင်မှု ရှိ၍ မျှတရန်လိုအပ်ကြောင်း၊ MSDP စီမံကိန်းတွင် နိုင်ငံအတွက် ထားရှိသော ဖွံ့ဖြိုးရေးမျှော်မှန်းချက်များကို ရေးဆွဲထားပြီး မူလရှိပြီးသား အမျိုးမျိုးသောစီမံကိန်းများကို အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကြီးတစ်ခုအောက်၌ သဟဇာတဖြစ်စေရန် ပေါင်းစည်းဆောင်ရွက်နိုင်မှသာ တိုင်းပြည်အတွက် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု စီမံကိန်း များသည် MSDP နှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်သုံးသပ်ရမည် ဖြစ်သည့်အတွက် Project Bank ကို သေချာစွာ သဘောပေါက်နားလည်ရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးမှု အခွင့်အလမ်းများရှိနေသည့် ရှမ်းပြည်နယ် အတွက် မဟာဗျူဟာမြောက်စီမံကိန်းများအား အဓိကဦးစားပေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းပါဝင်သည့် စီမံကိန်းများဖြစ်ရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် MDI မှ Senior Policy Specialist ဒေါ်သီဒါနွဲ့က MSDP Project Bank နှင့် စီမံကိန်းအဆိုပြုလွှာ ဖြည့်စွက်နည်းများကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့မှ အတွင်းရေးမှူးများ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်စီမံကိန်း ဦးစီးရုံး (ရုံးခွဲ) လားရှိုး၊ ကျိုင်းတုံရှိ ပြည်နယ်ခွဲဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံကိန်း ဦးစီးမှူးများ၊ ခရိုင်/မြို့နယ်စီမံကိန်းဦးစီးမှူးများ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှမှ အရာထမ်းများ၊ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats