မိုင်းဆတ်-တာချီလိတ်လမ်း၌ ပျက်စီးနေသည့် ၁၃ နေရာကို ပြုပြင်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

မိုင်းဆတ်-တာချီလိတ်လမ်း၌ ပျက်စီးနေသည့် ၁၃ နေရာကို ပြုပြင်မည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်-တာချီလိတ် ခရိုင်ချင်းဆက် လမ်းရှိ ပျက်စီးမှု များပြားနေသည့် နေရာ ၁၃ ခုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါလမ်းရှိ မိုင်းဆတ်ခရိုင် အတွင်း ပါဝင်သည့် လမ်းအရှည် ၆၃ ဒသမ ၆၆ ကီလိုမီတာအတွင်း အ တက် အဆင်းနှင့် ပျက်စီးမှုများပြား သည့် နေရာများကို စတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း မိုင်း ဆတ်ခရိုင် လမ်းဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇာ နည်ဦးထံက သိရသည်။
.
“ လမ်းအတွက် လမ်းခင်းသည့် ကျောက် လိုအပ်ချက်က လွယ်ဆမ် ဆုံနဲ့ လွယ်ပါရင် ၂ နေရာကပဲ ထွက် ရှိတာဖြစ်လို့ ကျောက်ရ ရှိဖို့ကြိုး ပမ်းရပါတယ်။ လမ်းပြုပြင်နေတဲ့ အချိန်မှာ တစ်ဝက်ခင်း၊ တစ်ဝက် ပိတ် လုပ်မှာဖြစ်လို့ ခရီးသွားကား တွေအချိန် နှောင့်နှေးမှုမရှိနိုင်ပေမဲ့ ဂရုတစိုက် မောင်းပေးကြဖို့ အကြံပြု လိုပါတယ်” ဟု လက်ထောက်ညွှန် ကြားရေးမှူး ဦးမျိုးဇာနည်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း လမ်းပိုင်းရှိ မိုင်းဆတ် ခရိုင်အတွင်းပါဝင်သည့် ၆၃ ဒသမ ၆၆ ကီလိုမီတာအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ပြည်ထောင် စုရန်ပုံငွေမှ ကျပ်သန်း ၁၆၄၈ နှင့် ပြည်နယ်ရန်ပုံငွေမှ ကျပ်သန်း ၁၈၂၅၊ စုစုပေါင်း ကျပ်သန်းပေါင်း ၃၄၇၃ ချထားပေးရာ ရရှိရန်ပုံငွေအရ လမ်းပိုင်း ၉ ကီလိုမီတာကို ကွန်က ရစ် ခင်းမည်ဖြစ်ပြီး မိုင်းဆတ်လမ်း ပိုင်းတစ်ခုလုံး၏ ၁၄ ရာခိုင်နှုန်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ယခု ဘဏ္ဍာရေးနှစ်အတွင်း လုပ် ဆောင်မည့် လုပ်ငန်းများမှာ ကျောက် ရောမြေခင်းခြင်းနှင့် လမ်းသားချော မွေ့အောင် ပြုလုပ်ခြင်း၊ကျောက် လမ်းပေါက်များအား ဖာခြင်း၊ လွယ် ဆမ်ဆုံ အတက်အဆင်းနေရာများ တွင် ကတ္တရာ ဖာထေးခြင်း၊ လမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လမ်း ဘေး အမှတ်အသားပြ ကွန်ကရစ် တိုင်များ ပြုလုပ်ခြင်း၊ မျက်ကွယ်ကွေ့ နှင့် လမ်းဘေးခြုံများ ရှင်းခြင်းတို့ ကို ရရှိသည့် ရန်ပုံငွေအရ ဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။
.
“လွယ်ဆမ်ဆုံက ပေ ၅၀၀၀ ကျော်တယ်။ ဒီတောင်ကြီးကို ကွင်း ရှောင်လမ်း ဖောက်နိုင်မလား ဆိုပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ ဦးဆောင်ပြီး ပြီးခဲ့တဲ့ လဆန်း ၁ ရက်ကနေ ၅ ရက်အထိ လမ်းအူ ကြောင်း ရှာကြည့်တယ်။ အကယ် ၍ ရှောင်ကွင်းလမ်း အဆင်မပြေရင် လမ်းအမြင့်တွေကို နှိမ့်ချပြီးလမ်းကို ၂၄ ပေအထိ ချဲ့နိုင်ဖို့ တိုင်းတာကြ ပါတယ်” ဟု ဦးမျိုးဇာနည်ဦးက ဆက်လက် ပြောဆိုခဲ့သည်။
.
လက်ရှိတွင် လမ်းအကျယ် ၁၈ ပေအထိ တိုးချဲ့နေသော်လည်း လွယ်ဆမ်ဆုံတောင် အတက်/အ ဆင်းနေရာများကိုမူ ၂၄ ပေအထိ တိုးချဲ့ခြင်းဖြင့် ယာဉ်အန္တရာယ် ပို မိုလျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ မိုင်းဆတ်-တာချီလိတ် လမ်းကို ၁၉၉၈ ခုနှစ်က “ဝ” အထူး ဒေသ(၄)မှ ဖောက်လုပ်ခဲ့ပြီးနောက်  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် တွင် အစိုးရသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats