အမှိုက်စွန့်ပစ်ရန်နေရာ သတ်မှတ် ပြီးဖြစ်၍ ယင်းနေရာတွင်သာ အမှိုက် စွန့်ပစ်ကြရန် မိုင်းဆတ်စည်ပင်ဥက္ကဋ္ဌ ပြောကြား - Kanbawza Tai News

Breaking

Monday, January 13, 2020

အမှိုက်စွန့်ပစ်ရန်နေရာ သတ်မှတ် ပြီးဖြစ်၍ ယင်းနေရာတွင်သာ အမှိုက် စွန့်ပစ်ကြရန် မိုင်းဆတ်စည်ပင်ဥက္ကဋ္ဌ ပြောကြား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်မြို့တွင် အမှိုက်စွန့်ပစ်ရန် အ မှိုက်ချကွင်းနှင့် လမ်းပြီးစီးပြီ ဖြစ်သ ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကုန် မှ စတင်ကာ အဆိုပါအမှိုက်ချကွင်း တွင် အမှိုက်သွားရောက် စွန့်ပစ်ကြ ရန်လိုကြောင်း မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္က ဋ္ဌက ပြောဆိုခဲ့သည်။
.
.
“အရင်က သတ်မှတ်တဲ့ အမှိုက်ချကွင်းနေရာတွေက မြို့ကွက်ချဲ့ ပေးတော့ မလွတ်လို့ အခုပြောင်းရွှေ့ တဲ့ နေရာ က ၄ ခုမြောက်ဖြစ်ပါတယ်။ မိုးတွင်းမှာ လမ်းမပျက်စီးရအောင် ကျောက်ရောမြေကို အဝေးကသယ် ပြီး သေချာ ဖောက်လုပ်ထားပေးပါ တယ်။ တခြားနေရာတွေမှာ အမှိုက် မစွန့်ပစ်ကြဘဲ သတ်မှတ်နေရာမှာ စွန့်ပစ်ကြဖို့ ပြောကြားလိုပါတယ်”ဟု မိုင်းဆတ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော် အောင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယခု အသစ်ဖောက်လုပ်သည့် အမှိုက်ချကွင်းမှာ မြို့၏ အနောက် မြောက်ဘက်၊ မိုင်းခုတ်သွားလမ်းမှ ၄ မိုင်ခန့် ကွာဝေးသည့် ဟိုနား ကျေးရွာအနီးတွင် တည်ရှိပြီး မိုင်း ဆတ်-မိုင်းခုတ်လမ်းမှ ကျောက်ရော မြေလမ်းအရှည် ၄၂၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကာ ပြည်နယ်ရန်ပုံငွေ ၁၇ ဒသမ ဝ၉ သန်း ဖြင့် လွယ်ဆမ်ဆုံကုမ္ပဏီမှ ပြီးခဲ့ သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် က စတင် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဇန်နဝါရီလကုန် ၃၁ ရက် တွင် လုပ်ငန်းအပ်နှံမည်ဖြစ်ကြောင်း သိရသည်။
.
“မြို့ပေါ် ၆ ရပ်ကွက်က မီးဖို ချောင်သုံးနဲ့ စီးပွားထွက် အမှိုက် တွေကို တစ်ပတ်မှာ ၃ ရက် သတ် မှတ်ပြီး ခေါင်းလောင်းတီး စနစ်နဲ့ အမှိုက် သိမ်းဆည်းပါတယ်။ လက်ရှိ တော့ ဂေါက်ကွင်းအနားက နေရာ ဟောင်းမှာပဲ စွန့်ပစ်နေတယ်။ ကွင်း အသစ်ပြီးရင်တော့ အဲဒီမှာသွား စွန့် ပစ်ရမှာ ဖြစ်ပါတယ်။ အမှိုက်ချကွင်း နေရာကို အမှုတွဲ တည်ဆောက်ပြီး ပြည်နယ်ကို တင်ပြထားပါပြီ။ အ မှိုက်ချ ကွင်းမှအပ တခြားနေရာတွေ မှာ အမှိုက်မစွန့်ပစ်ဖို့ သတိပေး ဆိုင်းဘုတ်တွေ စိုက်ထူပြီး အသိ ပညာပေးသွားမှာ ဖြစ်ပါတယ်” ဟု မိုင်းဆတ်မြို့နယ်စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦး ကျော်နိုင်က ပြောသည်။
.
မိုင်းဆတ်မြို့ပေါ် ၆ ရပ်ကွက်ဖြစ် သည့် မယ်ဆွမ် တောင်/မြောက်၊ ကျဒယ်၊ ဝိန်းနေ၊ ဝိန်းဝိုင်၊ မြို့သစ် ရပ်ကွက်များတွင် တစ်ပတ်လျှင် ၃ ရက် အမှိုက်သိမ်းယာဉ် ၂ စီးဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကာ အ မှိုက်စွန့်ပစ်မှု ကောက်ခံမှု နှုန်းမှာ ကျပ်၂၀၀၀ မှ ၁၀၀၀၀ ကျပ်အထိရှိပြီး တစ်လလျှင် အမှိုက်တန်ချိန် ၁၈၀ ခန့် ထွက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats