မိုင်းပန် ပျံကျဈေး ဆက်လက် ရောင်းချနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေဟု ဆို - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 3, 2020

မိုင်းပန် ပျံကျဈေး ဆက်လက် ရောင်းချနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေဟု ဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မိုင်းပန်-ကျိုင်းတောင်းသွား မွေတော်လမ်း ဆုံတွင် စည်ပင်သာယာမှ ခွင့်ပြု ထားခြင်းမရှိသည့် ပျံကျစျေးဆိုင် ခန်းများအား ဆက်လက် ရောင်းချ ခွင့်ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.

.
အဆိုပါ နေရာတွင် ရောင်းချနေ သည့် ပျံကျစျေးသည် ၅၆ ဦးမှ စျေး ဆက်လက်ရောင်းချခွင့် ရရှိရေးအ တွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်က လက်မှတ်ရေးထိုးကာ မြို့ နယ်အုပ်ချုပ်ရေးမှူးထံ အသနားခံစာ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တဲပုံစံ နေရာသတ်မှတ်ပြီး ဆောက်ထားတာတွေ အစားပျံကျ စျေးပုံစံ စည်းကမ်းသတ်မှတ်ချက် များနဲ့ ဆက်လက် ရောင်းချနိုင်ရေး ညှိနှိုင်းနေပါတယ်” ဟု မိုင်းပန်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦး စိုင်းနောင့်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်း စျေးရောင်းချနေသည့် နေ ရာမှာ မိုင်းပန်မြို့နယ်မှ ကျိုင်းတုံ၊ မိုင်းတုံမြို့နယ်များသို့သွားရာ မြို့ ရှောင်လမ်းအဖြစ် ဖောက်လုပ်ထား သည့် လမ်းဦးစီးဌာနပိုင်လမ်းနေရာ ဖြစ်ကာယာဉ်သွားလာမှုများပြားလာသည့်အတွက် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ဖြစ်ပွားနိုင်ပြီး အနီးရှိ အလယ်တန်းကျောင်းနှင့် မြို့အဝင် လမ်းဆုံဖြစ်သည့်အပြင် အရေးကြီး ပုဂ္ဂိုလ်ခရီးစဉ် ရှိချိန်များတွင် လမ်း ပိတ်ဆို့မှုများ ဖြစ်ပေါ်စေမှုကြောင့် မ လိုလားအပ်သော ပြဿနာများမဖြစ် ပေါ်စေရန်နှင့် မြို့သာယာလှပရေးကို လည်း မထိခိုက်စေရန်အတွက် မ ဖြစ်မနေ ပြောင်းရွှေ့ဖယ်ရှားပေးနိုင် ရေး ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီ ဖြစ် ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက် တင်ဘာလ ၃ ရက်က မိုင်းပန်မြို့မ စျေးတွင် ရောင်းချရန် သဘောတူ ညီချက်များ ရယူခဲ့ပြီး အချိန် ၃ လ သတ်မှတ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် စည်ပင်သာယာဌာနဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ညွှန်ကြားစာထုတ် ပြန်ဖယ်ရှားစေပြီးလိုက်နာဆောင် ရွက်မှု မရှိသူများအား ဥပဒေနှင့် အ ညီ အရေးယူဆောင်ရွက်သွားရန် ညှိ နှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိ ရသည်။
.
ထို့အပြင် ဒီဇင်ဘာလ ၂၀ ရက်  နောက်ဆုံးထားကာဖျက်သိမ်းသွား ရန်နှင့် လိုက်နာမှု မရှိပါက ရှမ်းပြည် နယ်စည်ပင်သာယာရေးဥပဒေအရ အရေးယူဆောင် ရွက်သွားရန် ထပ်မံ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။
.
မူလက ၁ လသာ အချိန်ပေးခဲ့ ပေမဲ့ စားဝတ်နေရေး ဆောင်ရွက် နိုင်ဖို့အတွက် ၃ လ အချိန်ပေးခဲ့တဲ့ အပေါ် စျေးသည်တွေကလည်း သ ဘောတူ ဆောင်ရွက်ခဲ့ပါတယ်။ ယ ခင်က တင်ပြမှုများ မရှိခဲ့သော်ငြား လည်း အခု အကောင်အထည် ဖော်ခါနီးမှသာ မြို့ရဲ့ ဖြစ်ပေါ်လာ မယ့် မြို့ရဲ့ အနာဂတ် အခြေအနေ နဲ့ မြို့ရဲ့ ဖွံ့ဖြိုးမှု အကောင်းဆုံး အ ခြေအနေကို စီစဉ်ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်” ဟု မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြောသည်။
.
အဆိုပါ စျေးတွင် ရောင်းချနေ သည့် ပျံကျစျေးသည်များမှ စားဝတ် နေရေးအတွက် အဆင်ပြေသဖြင့် ဆက်လက် ရောင်းချလိုကြကြောင်း နှင့် အကယ်၍ ရောင်းချခွင့် မရရှိ တော့ပါက ဖယ်ရှားပေးမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။
.
မိုင်းပန်မြို့ရှိ ပျံကျစျေးမှာ ယခင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် လက်ထက်ကဖျက်သိမ်းခဲ့သော် လည်း   အုပ်ချုပ်ရေးမှူး  ဦးစိုင်းဝေ လင်း လက်ထက်တွင် စျေးရောင်းချသူ များမှမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးခင်မောင်ချိုထံ အသနားခံခဲ့သဖြင့် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)