မိုင်းပန်တွင် ပျံကျဈေးသည်များ ဆက်လက် ရောင်းချခွင့် ရရေးအတွက် ပြည်နယ်အစိုးရသို့ ဆက်လက် တင်ပြသွားမည် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 8, 2020

မိုင်းပန်တွင် ပျံကျဈေးသည်များ ဆက်လက် ရောင်းချခွင့် ရရေးအတွက် ပြည်နယ်အစိုးရသို့ ဆက်လက် တင်ပြသွားမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်း ခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မိုင်းပန်- ကျိုင်းတောင်း-မိုင်းတုံသွား မွေတော် လမ်းဆုံရှိ ပျံကျစျေးသည်များ အား ခေါင်းရွက်ဗျပ်ထိုး ဆက်လက် ရောင်း ချခွင့် ရှရိရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ် ကြောင်း မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းနောင့် က ပြောသည်။
.
 
.
“စည်ပင်က သူ့ဥပဒေအရ ဆက် လုပ်သွားမယ်လို့ ပြောတဲ့အတွက် အ သနားခံစာတင်ထားတဲ့ စျေးသည် တွေကို အခိုင်အမာလုပ်ထားတဲ့ ဝါး တဲတွေဖျက်ပြီး ခေါင်းရွက်ဗျပ်ထိုးပျံ ကျအဖြစ် ရောင်းချခွင့်ပေးမယ်။ အ ကယ်၍ မရောင်းချင်လည်း မရောင်း နဲ့၊ စည်းကမ်းနဲ့အညီ ရောင်းမယ်ဆို ရင် တာဝန်ယူမယ်လို့ ပြောခဲ့တယ်။ တစ်ပတ်လောက် ကြာလို့မှ ထပ်ပြီး ညှိနှိုင်း အစည်းအဝေး မလုပ်ခဲ့ဘူးဆို ရင် ပြည်နယ်အစိုးရကို တင်ပြသွားဖို့ ရှိပါမယ်” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့်က ပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍  မိုင်းပန်မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးဇော် လင်းခိုင်က “၉ လပိုင်းကတည်းက ခေါ်တဲ့အစည်း အဝေးမှာ နှစ်ကုန်ဖယ် ရှားပေးမယ်လို့ စျေးသည်တွေထံက သဘောတူညီချက် ရထားပြီးပါပြီ။ အခု အသနားခံစာ တင်လာတဲ့ ၅၆ ဦး ကိစ္စက အစည်းအဝေးကျမှသိရပါ မယ်။ အရင်အစည်းအဝေးမှာ ၁၇ ဦးပဲ ရှိတယ်။ ပြီးတော့ မြို့မစျေးထဲ ၎င်း မှာလည်း နေရာရှိပါတယ်။ အခုက စည်ပင်သာယာရေး ဥပဒေအရဌာ နဆိုင်ရာအနေနဲ့ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် စျေးဆက်ရောင်းနေ မယ်ဆိုရင် ၁၅ ရက်တစ်ကြိမ် သ တိပေးစာထွက်ပါမယ်။ ၂ ကြိမ်ထွက် ပြီးရင်တော့ ဥပဒေနဲ့အညီ တရားစွဲ ပါမယ်” ဟု ပြောသည်။
.
အဆိုပါ နေရာသည် လမ်းဦးစီး ဌာနပိုင် လမ်းမြေနေရာဖြစ်ပြီး မွေ တော် စာသင်ကျောင်းနှင့်လည်း နီး ကပ်နေသည့်အတွက် အကယ်၍ ထပ်မံခေါ်ယူမည့် အစည်းအဝေးတွင် အားလုံးသဘောတူညီချက် ရရှိပါက စည်းမျဉ်းစည်းကမ်းများ သတ်မှတ် လုပ်ဆောင်နိုင်ကြောင်း ၎င်းကဆက် လက် ပြောကြားခဲ့သည်။
.
ယင်း ပျံကျစျေးမှာ စည်ပင်သာ ယာမှ တရားဝင် ခွင့်ပြုချက်မရှိသည့် အပြင် မြို့ရှောင်လမ်းဖြစ်၍ ယာဉ် အန္တ ရာယ်၊ လမ်းအန္တရာယ်များကြောင့် လည်းကောင်း၊ အခိုင်အမာတည် ဆောက်ထားသည့် စျေးဝါးတဲများ ကြောင့်လည်းကောင်း မလိုလားအပ် သည့် ပြဿနာများ မဖြစ်ပွားစေရန် ဖယ်ရှားရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စျေးတွင် လာရောက် ရောင်းချနေသူများမှာ မြို့မစျေးကြီး အတွင်း ရောင်းချနေသူများမှ လက်ခွဲ အဖြစ်လာရောက်ရောင်းချသူများ ရှိသလို အနီးဝန်းကျင်မှ လာရောက် ရောင်းချသူများ၊ အဝေးမှမော်တော် ယာဉ်များဖြင့် လာရောက်ရောင်းချသူ များလည်း ရှိနေကြောင်း သိရသည်။
.
သတ်မှတ်ရက် ဖြစ်သည့်  ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် တွင် တဲများကို ဖျက်သိမ်းထားသလို စည်ပင်ဌာနမှ စျေးမရောင်းရဆိုင်း ဘုတ် လာရောက်စိုက်ထူးထားသော် လည်း တို့ဟူးသုတ်၊ မုန့်လက်ကောက် ကြော် စသည့် စျေးသည်အချို့မှာ ဆက်လက် ရောင်းချနေဆဲဖြစ်ကာ သစ်သီးနှင့် အခြား ရောင်းချသူများ အား မွေတော်ကျောင်းတိုက် ဆရာ တော်မှကျောင်းဘက်အုတ်တံတိုင်း တွင်ကပ်ကာ ရောင်းချခွင့်ပြုထား ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)