မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်း၊ လားရှိုးနှင့် ကျောက်မဲတို့တွင် မူးယစ်ဆေးဝါးနှင့် ဘိန်းဖြူများ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, January 6, 2020

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်း၊ လားရှိုးနှင့် ကျောက်မဲတို့တွင် မူးယစ်ဆေးဝါးနှင့် ဘိန်းဖြူများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လားရှိုးနှင့် ကျောက်မဲမြို့တို့တွင် ဇန်နဝါရီလ ၄ ရက်၊ ညနေပိုင်းက စိတ်ကြွမူးယစ်ဆေးဝါးများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၄ ရက်၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်တိုးလ်ဂိတ်အနီး၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမပေါ်တွင် တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေစဉ် သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ ကျောက်မဲမြို့၊ ရပ်ကွက် (၈) နေ စိုးအောင် (၄၃ နှစ်) မောင်းနှင်ပြီး လှရွှေ (၄၇ နှစ်) လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦး၏ ကိုယ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၃၃၁ ပြား၊ ဘိန်းဖြူအလေးချိန် ၂၀ ဂရမ်ခန့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး စစ်ဆေးမေးမြန်းချက်အရ စိုးလွင်၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ကျန်ရှိနေသေးကြောင်း ပေါ်ပေါက် သဖြင့် ၎င်း၏နေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ပြား ထပ်မံတွေ့ရှိရပြီး စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၄၃၉၁ ပြား၊ ဒေသ ကာလပေါက်စျေး တန်ဖိုးငွေကျပ် ၈၇ ဒသမ ၈၂ သိန်း အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ စိတ်ကြွမူးယစ်ဆေးဝါးနှင့် ဘိန်းဖြူများနှင့်အတူ လက်ဝယ်တွေ့ရှိသူ စိုးအောင်နှင့် လှရွှေတို့အား ကျောက်မဲ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့သည် မန္တလေး-မူဆယ်သွားပြည်ထောင်စုလမ်းမကြီး၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ၊ အိုရီယမ်တယ်လ်တိုးဂိတ် အနီးတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မူဆယ်မြို့နေ ယာဉ်မောင်း ဇော်ဆွတ်အောင် (ခ) မာနော် (၂၁ နှစ်) မောင်းနှင်ပြီး ကွန်ဂျာရှောင် (၂၃ နှစ်) လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ရောင်စုံ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃ ဒသမ ၂၅၆ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၉၇၆ ဒသမ ၈ သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀၀ ပြား၊ ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၂၀၈၀ သိန်းခန့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဇော်ဆွတ်အောင်နှင့် ကွန်ဂျာရှောင်တို့အား လားရှိုးနယ်မြေရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)