လဲချား-နမ့်စန် လမ်းတံတားမှာ ခံနိုင်ဝန်အား နည်းပါးသဖြင့် လမ်းနှင့် တံတားအသစ် ဖောက်လုပ်ရန် တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လဲချား-နမ့်စန် လမ်းတံတားမှာ ခံနိုင်ဝန်အား နည်းပါးသဖြင့် လမ်းနှင့် တံတားအသစ် ဖောက်လုပ်ရန် တင်ပြထား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင် လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း လမ်းမရှိဘဲ ဆောက်လုပ်ခဲ့သည် ဟူသော တံတား ၂ စင်းမှာ လဲချား-နမ့်စန်လမ်းအတွက်  ၂၀၁၅-၂၀၁၈ ခုနှစ်အတွင်းက ဆောက်လုပ်ခဲ့သည့် တံတားများဖြစ်ပြီး ယင်းတံတားများ မှာ ခံနိုင်ဝန်အား နည်းပါးသဖြင့် တွဲ ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် လမ်းနှင့် တံတားအသစ် ဖောက်လုပ်နိုင်ရန် တင်ပြထားသည်ဟု လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာထံက သိရသည်။
.
.
“ အရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လက်ထက်က ဆောက်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် နိုင် ငံတော်ဘဏ္ဍာငွေတွေ လျော့ပါးထိ ခိုက်တာပေါ့။ အခု ဒီလမ်းကိုပဲ ပင် လုံပတ်လမ်း သွားစရာ မလိုအောင် တိုက်ရိုက်ဖောက်ဖို့ ပြည်နယ်လွှတ် တော်ကိုယ်စား လှယ်ကတင်ပြထား ပါတယ်။ ပြည်နယ်မှာ တောင်းလို့ အဆင်မပြေရင် ပြည်သူ့လွှတ်တော် မှာ တောင်းဖို့ စီစဉ်ထားပါတယ်။ ဒေသအတွက် အကျိုးများပြီး ဖွံ့ ဖြိုး တိုးတက်မယ့် ကိစ္စဖြစ်လို့ပါ။ နမ့်စန်ဘက်က ဖောက်လာသလို ဒီဘက်ကလည်း ဖောက်သွားပြီး ဆုံ ဖို့ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဥက္ကာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တံတား ၂ စင်းမှာ လဲ ချား-ပင်လုံ-နမ့်စန်လမ်းပေါ်ရှိ လဲချား မြို့၏ တောင်ဘက် ၂ မိုင်ခန့်အကွာ ဝမ်ကျင် ကျေးရွာအနီးတွင် တည်ရှိ ပြီး ဒေသခံများ၏ အဆိုအရ တံ တား တစ်စင်း တည်ဆောက်ပြီး နောက် ယင်းနေရာတွင်ပင် တံတား တစ်စင်း တည်ဆောက်ရန် ဘတ် ဂျက် ရသည့်အတွက် ထပ်မံ တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင် သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ မှ ဦးအောင်ကျော်မိုးက ဆိုသည်။
.
“စီမံကိန်းအလွဲတွေက လူထု အတွက် ထိခိုက်နစ်နာစေတဲ့ ပြယုဂ် ပါ။ အဲဒီတံတားအစား ပျက်နေတဲ့ ကျောင်း၊ တိုက်ပွဲကြောင့် ဒုက္ခရောက် နေတဲ့ တိုင်းရင်းသားတွေကို ပံ့ပိုး မယ်ဆိုရင် ဘယ်လောက် ကောင်း မလဲ။” ဟု ဦးအောင်ကျော်မိုး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါလမ်းပိုင်းရှိ ပင်လုံမြို့ အား ကွေ့ပတ်ရှောင်သွားမည် လမ်း ကြောင်းအသစ် ဖောက်လုပ်ရန် ဘဏ္ဍာငွေ တင်ပြတောင်းခံထားပြီး အကယ်၍ လမ်းသစ်ဖောက်လုပ် ပြီးစီးပါက လဲချားမှ နမ့်စန်ထင်းရှူး မြိုင်သို့ တိုက်ရိုက်ပေါက်မည် ဖြစ် သဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၃၄ ရွာအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုစေမည် ဖြစ်ကြောင်း လဲချားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်း ဥက္ကာက ပြောသည်။
.
ယင်းလမ်းသစ် ဖောက်လုပ်နိုင် ရေးအတွက် လဲချားမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁) မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းကျော် ဇေယျကတင်ပြထားပြီး ဖြစ်သည်ဟု သိရသည်။
.

Journal Download

Photo of three cats