ကျိုင်းတုံရှိ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှုနှင့် ပတ်သက်၍ လွှတ်တော်ရန်ပုံငွေဖြင့်သာ ဆောင်ရွက်နိုင်မည်ဟု ဆို - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 3, 2020

ကျိုင်းတုံရှိ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှုနှင့် ပတ်သက်၍ လွှတ်တော်ရန်ပုံငွေဖြင့်သာ ဆောင်ရွက်နိုင်မည်ဟု ဆို

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် သတ်မှတ်လမ်း အကျယ်ရှိသည့် ကျေးရွာချင်းဆက် လမ်းများကိုသာ ဦးစားပေး ဆောင်ရွက်နေရသဖြင့်ရွာ တွင်း လမ်းပျက်စီးမှုများကို လွှတ် တော်ရန်ပုံငွေဖြင့်သာ ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်ဟု သိရသည်။
.
.
ကျေးလက်ဒေသ လမ်းဦးစီးဌာ နအနေနဲ့ ကျေးရွာချင်းဆက် လမ်း ဖောက်လုပ်ဖို့အတွက် လမ်းအကျယ် ပေ ၆၀ ရှိရမယ်လို့ သတ်မှတ်ထား ပါတယ်။ တကယ်လို့ သတ်မှတ်ထား သလို အကျယ်မပြည့်ရင်တော့ အ နည်းဆုံး ပေ ၃၀ ရှိရပါမယ်။ ဝမ်ဟွေ ရွာနဲ့ နောင်ထပ်ရွာလမ်းက အကျယ် သတ်မှတ်ပေ မပြည့်တာရှိနေပါ တယ်”ဟု ကျိုင်းတုံမြို့နယ် ကျေး လက်ဒေသ လမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်၊ ယန်းလော ကျေးရွာအုပ်စုရှိ ဝမ်ဟွေကျေးရွာ နှင့် နောင်ထပ် ကျေးရွာသွားလမ်းမှာ ပျက်စီးနေပြီး ယင်း ၂ ရွာမှာ ကျိုင်းတုံ မြို့နယ်နှင့် နီးကပ်၍ လူနေအိမ်ခြေ များပြား၍ ယာဉ်အသွားအလာ များ ပြားသောကြောင့် ရွာတွင်းလမ်းများ ပျက်စီးနေပြီး ပြင်ဆင် ပေးစေလို ကြောင်း ဒေသခံများ ပြောဆိုလျက် ရှိကြောင်း သိရသည်။
.
ကျွန်မဆိုရင် မိုးတွင်းဖြစ်စေ၊ ညမိုးချုပ်ဖြစ်စေ အိမ်ကနေ မြို့ထဲ ကို အသွားအပြန် လုပ်ရမှာ အရမ်း ခက်ခဲပါတယ်။ လမ်းလယ်မှာ ရေစီး မြောင်းရှိနေတော့ ဆိုင်ကယ်ရှောင်ရ တာ မလွယ်ဘူး။ မိုးရွာရင် လမ်းချော် တယ်။ ဒီလမ်းလေး ကောင်းစေချင် ပါတယ်” ဟု နောင်ထပ်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
.
ဝမ်ဟွေကျေးရွာနှင့် နောင်ထပ် ကျေးရွာသို့ ဆက်သွယ်ထားသည့် ရွာတွင်းလမ်းမှာ အရှည် ၅ ဖာလုံခန့် ရှိ မြေသားလမ်းဖြစ်ပြီး လမ်းဘေးရှိ လူနေအိမ်များမှ စွန့်ပစ်သည့် အမှိုက် များကြောင့် လမ်းလယ်တွင် ရေစီး မြောင်းသဖွယ် ဖြစ်ပေါ်နေကြောင်း သိရသည်။
.
မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအ တွက် နှစ်စဉ် ဘဏ္ဍာရန်ပုံငွေ တင်ပြ တောင်းခံရာတွင် ဦးစားပေး သတ် မှတ်အဆင့် သတ်မှတ်ထားသော လမ်းများကို ဆောင်ရွက်ပေးလျက်ရှိ ပြီး ကျေးရွာများ၏ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းလိုအပ်ချက်များ အား အသေးစိတ် တွက်ချက်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း ကျိုင်းတုံမြို့နယ် စီမံခန့်ခွဲမှု ကော်မ တီထံမှ သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် ကျေး လက်လမ်း ၂၅၄ လမ်းရှိကာ အရှည် ၈၈ မိုင်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)