ကျိုင်းတုံမြို့ သန့်ရှင်းသာယာလှပရေးအား ဖျက်ဆီးသူများကို ထိရောက်သည့် ပြစ်ဒဏ်ပေးရန် လိုအပ်ဟု ဆို - Kanbawza Tai News

Breaking

Saturday, January 4, 2020

ကျိုင်းတုံမြို့ သန့်ရှင်းသာယာလှပရေးအား ဖျက်ဆီးသူများကို ထိရောက်သည့် ပြစ်ဒဏ်ပေးရန် လိုအပ်ဟု ဆို


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့တွင် မြို့သန့်ရှင်းသာယာလှပ ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ဆောင်ရွက်ပေးထားသော ပစ္စည်းများနှင့် သစ်ပင်များအား ဖျက် ဆီးသူများကို ထိရောက်သည့်ပြစ် ဒဏ် ချမှတ်ပေးရန် လိုအပ်နေသည် ဟု ဒေသခံများထံမှ သိရသည်။
.
.
ကျိုင်းတုံမြို့ရှိ နောင်တုန်ကန် ပတ်ဝန်းကျင်၊ သစ်တစ်ပင်တောင် နှင့် ရပ်ကွက်များတွင် အများပြည်သူ အတွက် ပြုလုပ်ထားသည့် ထိုင်ခုံ၊ ခြံ စည်းရိုး၊ လမ်းပြဆိုင်းဘုတ်၊ အချက် ပြမီး၊ လမ်းအမှတ်အသားနှင့် အရိပ် ရ အလှဆင်သစ်ပင်များအား ဖျက် ဆီးခံထားရမှုများ ရှိနေကြောင်း သိရ သည်။
.
“ပညာပေးနေ၊ ဒဏ်ငွေရိုက်နေ ရုံနဲ့တော့ ဖျက်ဆီးလိုသူတွေရဲ့ အန္တ ရာယ်က ထိရောက်တဲ့ ကာကွယ်မှု မရတော့ဘူးလို့ မြင်ပါတယ်။ အဆဲခံ ရလို့ တရားစွဲတာကို တရားသူကြီး က ဒဏ်ငွေ ၅ ကျပ်နဲ့ ပြစ်ဒဏ်ချ မှတ်တော့ တိုင်ကြားသူကနေ တရား သူကြီးကို ၅ ကျပ်ပေးပြီး ခဏဆဲ မယ်ဗျ ဆိုတာမျိုး ဖြစ်နေတယ်” ဟု ကျိုင်းတုံမြို့နေ မြို့မိမြို့ဖ ဦးစိုင်း ထွန်းအေးက ကမ္ဘောဇတိုင်းသို့ပြော သည်။
.
ထို့အတူ ကျိုင်းတုံဒေသခံ တစ် ဦးကလည်း “စည်းကမ်းမဲ့ ဖြစ်နေတာ မကောင်းပါဘူး။ အုပ်စုလိုက် ဓါး ကိုင်ရမ်းကားတာ၊ ဆိုင်ကယ်အိတ် ဇောသံနဲ့ ဟွန်းသံအကျယ် ဖွင့်ပြီး အရမ်းမောင်းတာတွေလည်း တွေ့ ဖူးပါတယ်။ ဒီကိစ္စကို ထိထိရောက် ရောက် အရေးယူသင့်ပါတယ်။ ရပ် ကွက်ထဲမှာ နေထိုင်သူတွေကလည်း ဝိုင်းဝန်းထိန်းသိမ်းပေးတာနဲ့ သတင်း ပေး အကြောင်းကြားတာမျိုး လုပ် သင့်ပါတယ်”ဟု ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာ ယာရေးကော်မတီ၊ အမှတ် (၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် ကျိုင်း တုံမြို့မရဲစခန်းတို့မှ မြို့သန့်ရှင်းသာ ယာလှပရေး၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းစေရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ဆောင်ရွက်နေ သော်လည်း ရပ်ရွာပြည်သူလူထု၏ ပူးပေါင်းပါဝင်ကူညီပေးမှုများ လိုအပ် နေသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats