ရှမ်းပြည်နယ်ဥပဒေရုံးနှင့် ကျိုင်းတုံခရိုင်/မြို့နယ်ဥပဒေရုံးများ၏ အကြံပြုချက်များ ကွဲလွဲနေသဖြင့် တရားလို တစ်ဦးက ပြည်ထောင်စုရှေ့နေချုပ်ထံ တင်ပြစာ ပေးပို့ - Kanbawza Tai News

Breaking

Thursday, January 16, 2020

ရှမ်းပြည်နယ်ဥပဒေရုံးနှင့် ကျိုင်းတုံခရိုင်/မြို့နယ်ဥပဒေရုံးများ၏ အကြံပြုချက်များ ကွဲလွဲနေသဖြင့် တရားလို တစ်ဦးက ပြည်ထောင်စုရှေ့နေချုပ်ထံ တင်ပြစာ ပေးပို့


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်ဥပဒေရုံးနှင့် ကျိုင်း တုံခရိုင်/မြို့နယ် ဥပဒေရုံးများ၏ ဥပဒေ အကြံပေးချက်များမှာ ကွဲလွဲနေ သဖြင့် အမှန်တရား ပေါ်ပေါက်ရေး အတွက် အမှုဖြစ်စဉ်နှင့် ကိုက်ညီ သည့် ဥပဒေအကြံပြုချက် သတ်မှတ် အတည်ပြုပေးပါရန် ကျိုင်းတုံမြို့နေ တရားလိုဖြစ်သူ ဒေါ်ခင်မေထွန်းမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြစာ ပေးပို့ထားသည်ဟု သိရ သည်။
.
.
ကျိုင်းတုံမြို့နေ တရားလို ဒေါ် ခင်မေထွန်း (ခ) နန်းစံခမ်း ဆိုသူမှ ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၆၀၁/ ၂၀၁၉ ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ မကြည် ပြာနှင်း ဆိုသူအား အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့ရာ ကျိုင်းတုံမြို့ နယ်ဥပဒေရုံးမှ ဒေါ်ခင်မေထွန်း တိုင် တန်းထားသည့်အမှုမှာ အွန်လိုင်း မှ လိမ်လည်ခံရခြင်းဖြစ်သဖြင့် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် အကျုံး မဝင်ကြောင်း၊ ဆက်သွယ်ရေး ဥပ ဒေပုဒ်မ ၆၆ (ဂ)၊ ၆၆ (ဃ) ဖြင့်သာ အကျုံးဝင်ကြောင်း ပြန်ကြားသဖြင့် အမှုစစ် ရဲအုပ် လင်းလင်းထွန်းက နေပြည်တော်သို့ Section တောင်း ရန်နှင့် Section ကျသည်နှင့် ဖမ်းဆီး ရန် အကြံပြုခဲ့သည်ဟု သိရသည်။
.
ထို့နောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လ ၁၉ ရက်တွင် ကျိုင်းတုံမြို့မ ရဲ စခန်းမှ ဒုရဲအုပ်လင်းလင်းထွန်း ဦး ဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ မန္တ လေးတိုင်းဒေသကြီး၊ ပြည်ကြီးတံ ခွန် မြို့နယ်နေ မကြည်ပြာနှင်းအား ကျိုင်းတုံတွင် ထိန်းသိမ်းရန်အတွက် လေကြောင်းခရီးဖြင့် ခေါ်ဆောင်လာ ခဲ့ပြီးနောက် မြို့နယ်ဥပဒေရုံးမှ ၎င်း တို့၏ အကြံပြုထားသည့် ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆ (ဂ)၊ ၆၆ (ဃ) ဖြင့် တရားစွဲဆိုရန် မလိုအပ်တော့ ကြောင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ် ဥပဒေရုံးမှ ယင်းပုဒ်မကို ပယ်ဖျက်၍ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့်သာ ကျိုင်းတုံ မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး အမှတ်  (၁၅၂၀/၂၀၁၉) ဖြင့် တရားစွဲ ဆိုလိုက်ပြီဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့သည်ဟု တရားလို ဒေါ် ခင်မေထွန်း၏ တင်ပြစာတွင် ဖော် ပြထားသည်။
.
“ကျွန်မအနေနဲ့ အမှုဖြစ်စဉ်ကို ချိန်ဆပြီး အမှန်တရား ပေါ်ပေါက် စေချင်ပါတယ်။ တရားဥပဒေဆိုတာ သားရေကွင်းလို လိုချင်သလို လုပ်နေ တာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်မ ဆီမှာ အွန်လိုင်းငွေပေးချေထားတာ နဲ့ လိုအပ်တဲ့ အထောက်အထားတွေ အပြည့်အစုံ ရှိပါတယ်” ဟု ဒေါ်ခင် မေထွန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးသီ ဟကျော်က “မြို့နယ် တရားရုံးကို အမှုစွဲ တင်ခဲ့တယ်ဆိုတာတော့ မှန် ပါတယ်။ ဒါပေမဲ့ အမှုကို တွဲဘက် မြို့နယ်တရားရုံးကို ပြန်စစ်ဆေးဖို့ လွှဲအပ်ပေးခဲ့ပါတယ်” ဟု ပြောသည်။
.
ကျိုင်းတုံမြို့နယ် တွဲဘက်မြို့ နယ် တရားရုံးတွင် ပုဒ်မ ၄၂၀ ဖြင့် စစ် ဆေးခြင်း ခံနေရသည့် မကြည်ပြာ နှင်းဆိုသူအား အာမခံ ပေးထားပြီး ဆက်သွယ်ရေးဥပဒေပုဒ်မမှာလည်း အာမခံ ပေးနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats