ကျိုင်းတုံတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း အခြေခံသင်တန်း ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Tuesday, January 14, 2020

ကျိုင်းတုံတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း အခြေခံသင်တန်း ဖွင့်လှစ်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ရှိ အမှတ် (၉၂) စက်မှုလယ် ယာရုံးဝန်းတွင် ဇန်နဝါရီလ ၆ ရက်၊ နံနက်ပိုင်းက လယ်ယာ သုံးစက်ကိ ရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေ ခံသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
.
“အခု ဒီသင်တန်းကို စနစ်တကျ နဲ့ သေချာသင်ကြား ပြသပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းတက်ဖို့ စိတ် ဝင်စားပြီး ရောက်လာတဲ့သူတွေက လည်း လူငယ်တွေဖြစ်နေလို့အကျိုး ရှိပါတယ်။ မိမိရဲ့ ကိုယ်ပိုင်လုပ်ငန်း အတွက် ဒီသင်တန်းကနေ အ ထောက်အကူ ရနိုင်မှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း၊ စက်မှု လယ်ယာဦးစီးဌာနမှ ပြည်နယ်မှူး ဦး မျိုးညွန့်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
“ကျွန်တော်က စက်မောင်းတတ် ပါတယ်။ ဒါပေမဲ့ စက်ကို အခြေခံ ထိန်းသိမ်းတဲ့ ပညာလိုပါသေးတယ်။ ဒါကြောင့် ဒီသင်တန်းကို လာတက် တာပါ။ အခုက ရွာတွေမှာ ပုဂ္ဂလိက စက်တွေ များလာပြီး အလုပ်ဖြစ်ပါ တယ်။ လယ်ယာမြေကို ကျွဲနဲ့မထွန် တော့ပါဘူး။ နောက်ဆိုရင် စက်တွေ နဲ့ပဲ လုပ်ငန်းအားလုံးနီးပါး လုပ်နိုင် တော့မှာပါ”ဟု သင်တန်းတက် ရောက်လာသူတစ်ဦးက ၎င်း၏ အ မြင်ကို ပြောဆိုခဲ့သည်။
.
သင်တန်းသို့ ကျိုင်းတုံမြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်း သား ၃၀ ဦး တက်ရောက်ခဲ့ပြီး သင် တန်းတွင် လယ်ယာသုံး စက်ကိရိ ယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ များအား စာတွေ့၊ လက်တွေ့ သင် ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် ကျေးရွာ အုပ်စု ၃၁ စု၊ ကျေးရွာပေါင်း ၇၁၈ ရွာရှိပြီး လယ်ယာစိုက်ပျိုးရေးနှင့် တောင်ယာ သီးနှံစိုက်ပျိုးရေးကို အဓိ က လုပ်ကိုင်ကြကာ အမှတ် (၉၂) စက်မှုလယ်ယာစခန်းမှ ၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်း လယ်ယာမြေ ဧက ၄၀၀၀ ကျော်အား ထွန်ယက်ပေး ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats