ကျိုင်းတုံ စည်ပင်သာယာခန်းမ ၃ ထပ်အဆောက်အဦ ဆောက်လုပ်ရေးအတွက် အဆိုပြုလွှာများ စိစစ် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 4, 2020

ကျိုင်းတုံ စည်ပင်သာယာခန်းမ ၃ ထပ်အဆောက်အဦ ဆောက်လုပ်ရေးအတွက် အဆိုပြုလွှာများ စိစစ်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ရှိ စည်ပင်သာယာရေးခန်းမ အဆောက်အဦ ဆောက်လုပ်ရေးအ တွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression Of Intrest-EOI)များ စိစစ်ခြင်းအခမ်းအနားကို ဒီဇင် ဘာလ ၂၈ ရက်က ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အစည်းအ ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
.
.
အဆိုပါ ကျိုင်းတုံမြို့နယ် စည် ပင်သာယာရေးခန်းမမှာ ကားပါကင် အပါအဝင် စျေးဆိုင်ခန်းများ ပါဝင် သည့် ၃ ထပ် အဆောက်အဦဖြစ် ကြောင်း သိရသည်။
.
လက်ရှိ ကျိုင်းတုံမြို့နယ်စည် ပင်သာယာခန်းမ အပါအဝင် မြို့နယ် စည်ပင်သာယာရေးဌာနပိုင် ၁၈၈ ပေ x ၁၂၆ ပေ အမြင့်ပေါ်တွင် ၃ ထပ် အဆောက်အဦ ဆောက်လုပ်သွား မည်ဖြစ်ပြီး ကိုယ်ပိုင်ရင်းနှီးငွေဖြင့် ဆောင်ရွက်လိုသော လုပ်ငန်းရှင်များ အား EOI ခေါ်ယူခြင်းဖြစ်ကာ ကျိုင်း တုံမြို့နယ်တွင် ပထမဆုံးဆောင်ရွက် မည့်လုပ်ငန်းဖြစ်ကြောင်း သိရသည်။
.
“ကုမ္ပဏီ ၂ ခုကနေ လျှောက် ထားပါတယ်။ ဒီလျှောက်ထားမှုကို ဆောင်ရွက်အကောင်အထည် ဖော်ဖို့ အတွက် EPO အဆိုပြုလွှာတွေကို ဖွင့်ဖောက် စစ်ဆေးပြီး စိစစ်ရေးအ ဖွဲ့ ၅ ခုကနေ စိစစ်အကဲဖြတ်မှာ ဖြစ် ပါတယ်။ အောင်မြင်တဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေနဲ့ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနက တစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြုချက် ရယူရပါမယ်” ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးကျော် မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
EOI အဆိုပြုလွှာများ စိစစ်ရာ တွင် ကုမ္ပဏီများ၏ ခိုင်မာမှု အ ထောက်အထား ပြည့်စုံမှု စိစစ်ရေး အဖွဲ့၊ ကုမ္ပဏီ၏ အခြားလုပ်ငန်းများ နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများစိစစ်ရေး အဖွဲ့၊ ဆောက်လုပ်မည့် အဆောက် အဦများအတွက် Design’s Struc-ture နှင့် နည်းပညာစိစစ်ရေးအဖွဲ့၊ ဆောက်လုပ်မှုအတွက် အုပ်ချုပ်မှု ဆိုင်ရာ ဖြည့်တင်းမှု အစီအမံ စိ စစ်ရေး အဖွဲ့နှင့် သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အခြေအ နေ စိစစ်ရေးအဖွဲ့များ ပါဝင်ပြီး လွယ် မွေဆောက်လုပ်ရေးကုမ္ပဏီမှ အ မှတ် အများဆုံး ရရှိခဲ့ကြောင်း သိရ သည်။
.
“မြို့အင်္ဂါရပ်နဲ့အညီ စျေးသစ် ဖြစ်စေချင်ပါတယ်။ အခုဆောက် မယ့်နေရာက မြို့မစျေးနဲ့ ကပ်လျက် မှာဆိုတော့ မြို့မစျေးအတွင်း/ အပြင် မှာ ရှိနေတဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ စျေးဆိုင်ခန်းတွေရဲ့ ပေါက်စျေးတန် ဖိုးကို လျှော့ချပေးနိုင်မယ်လို့ မျှော် လင့်ပါတယ်” ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
.
အဆိုပါ EOI အဆိုပြုလွှာ စိစစ် ခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာ ယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ လွှတ် တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည် နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)