ကျိုင်းတုံမြို့နယ်အတွင်းသို့ ဆောင်းခိုငှက် အများအပြား ဝင်ရောက်လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

ကျိုင်းတုံမြို့နယ်အတွင်းသို့ ဆောင်းခိုငှက် အများအပြား ဝင်ရောက်လာ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စ တင်၍ ယနေ့ထိ ဆောင်းခိုငှက်အ များအပြား ဝင်ရောက်လျက်ရှိပြီး နွေစပါး ပျိုးခင်းများအတွက် အ ထောက်အပံ့ ဖြစ်နေကြောင်း သိရ သည်။
.
.
ယင်း ဆောင်းခိုငှက်များသည် ကျိုင်းတုံမြို့နယ်ရှိ မြေပြန့်နေရာရှိ နွေစပါး စိုက်ခင်းများ၏ ကောင်းကင် ယံထက်တွင် အုပ်စုလိုက်ဝဲပျံခြင်းနှင့် နွေစပါး စိုက်ပျိုးရန်အတွက် ထွန် ယက်သည့် လယ်ကွင်းနှင့် စပါးပျိုး ခင်းများတွင် ဆင်းသက်၍ အစာရှာ စားသောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
“ငှက်အမျိုးအစားကတော့ ဗျိုင်းနဲ့ တူပါတယ်။ တချို့ကလည်း စွန်လို့တော့ ပြောတယ်။ အဲဒီ ငှက် တွေ ရောက်လာတော့ လယ်သမား အတွက် တစ်မျိုးကောင်းတယ်။ လယ်ထဲက ခရုပေါက်တွေ ကောက် စားတော့ စပါးပင်ကို အဖျက်ခံရဖို့ သက်သာသွား တာပေါ့"ဟု ကျိုင်းတုံ မြို့နယ်၊ ယန်းလောကျေးရွာ အုပ် ချုပ်ရေးမှူးက ပြောသည်။
.
ထို့အတူ ကျိုင်းတုံဒေသခံ တစ် ဦးကလည်း "ဒီလို ဆောင်းခိုငှက် တွေ ရောက်လာတဲ့ နှစ်ဆိုရင် အ အေး ပိုတတ်ပါတယ်။ ခုနှစ်မှာ အ အေး နည်းနည်း ပိုတော့ လွယ် မွေက ချယ်ရီပန်းတွေတောင် အ ရင်နှစ်တွေထက် ပိုပွင့်နေတာ ရှိ တယ်" ဟု ပြောသည်။
.
ကျိုင်းတုံမြို့၏ ဘေးပတ်ဝန်း ကျင်၌ တောင်တန်းများ ကာရံထား သောကြောင့် ဒယ်အိုးပုံသဏ္ဍန်ကဲ့သို့ ရှိနေပြီး မြေပြန့်လွင်ပြင်ကျယ်နှင့် မြို့ နယ်အတွင်း ဖြတ်သန်း စီးဆင်းလျက် ရှိသော နမ့်လွေချောင်း၊ နမ့်ခင် ချောင်း၊ နမ့်ဝုတ်ချောင်း ၊ နမ့်ကွီး ချောင်း ၊ နမ့်စိုချောင်းတို့မှ ရေအရင်း အမြစ်များ ရရှိနေကာ ကျိုင်းတုံမြို့ နယ်၏ ဒီဇင်ဘာလနှင့် ဇန်နဝါရီ လ၏ အနိမ့်ဆုံးအပူချိန်မှာ၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats