အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော် စံနှုန်းများဆိုင်ရာ ဆုအတွက် ကျိုင်းတုံမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 24, 2020

အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော် စံနှုန်းများဆိုင်ရာ ဆုအတွက် ကျိုင်းတုံမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည်


ထက်တိုင်းကျော်
.
၂၀၂၂ ခုနှစ်၊ အာဆီယံသန့်ရှင်း သောခရီးသွားမြို့တော် စံနှုန်းများ ဆိုင်ရာဆု (ASEAN Clean Tourist City Standard Award-2022) အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အာဆီယံဒေသတွင်း နိုင်ငံများ ပါဝင်သည့် ယင်းပြိုင်ပွဲကို ၂၀၁၈ ခု နှစ်မှစတင်၍ ၂ နှစ်တစ်ကြိမ် ကျင်း ပခဲ့ရာ ဒုတိယအကြိမ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်ပြိုင်ပွဲတွင် မြန်မာနိုင် ငံမှ တောင်ကြီး၊ လွိုင်ကော်နှင့် ထား ဝယ်မြို့များက ဆုရရှိခဲ့ပြီး ဘရူနိုင်းနိုင်ငံတွင် ဆုသွားရောက်ရယူရမည် ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အာဆီယံသန့်ရှင်း သော ခရီးသွားမြို့တော် စံနှုန်းများ ဆိုင်ရာ ဆုအတွက် ပါဝင်ယှဉ်ပြိုင်မည့် အခြေအနေ နှင့် ပတ်သက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း တွဲဘက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က  “ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသမှာ တာဝန်ကျတဲ့ နိုင်ငံ့ဝန်ထမ်းများအ နေနဲ့ မိမိတာဝန်ကျတဲ့ဒေသကို စေ တနာထားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ အကြံပြုတင်ပြ တာကို ဝမ်းသာကြိုဆိုပါတယ်။ ခရိုင် အဆင့် လုပ်ငန်းကော်မတီတွေဖွဲ့ ပြီး ဆောင်ရွက်နိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
.
ပြိုင်ပွဲတွင် သဘာဝပတ်ဝန်း ကျင်စီမံခန့်ခွဲမှု၊ သန့်ရှင်းမှု၊ စွန့်ပစ် ပစ္စည်းများ၊ ပတ်ဝန်းကျင်ထိန်း သိမ်းကာကွယ်ရေးနှင့် သန့်ရှင်းမှုအ ကြောင်း အသိပညာပေးမှု၊ စိမ်း လန်း သောနေရာများနှင့် ပတ်သက် သည့် အညွှန်းကိန်းများ၊ ကျန်းမာရေးအ တွက် စိတ်ချရမှု၊ မြို့ပြလုံခြုံမှု၊ ခရီး သွားလုပ်ငန်း အခြေခံအဆောက် အ ဦများနှင့် အထောက်အကူပစ္စည်းများ စသည့်အညွှန်းကိန်းဆိုင်ရာတို့ကို တိုင်းတာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
.
“ကျိုင်းတုံမြို့အနေနဲ့ ပါဝင် ယှဉ် ပြိုင်ဖို့အတွက် ရေခံမြေခံကောင်းတွေ ရှိနေပါတယ်။ ပြည်သူနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ညီညီညွတ်ညွတ် ကြိုးစားကြဖို့တော့ လိုပါမယ်။ ကျေး ရွာတွေကစပြီး အမှိုက်ကိုစနစ်တ ကျစွန့်ပစ်တဲ့ အလေ့အကျင့်ကောင်း တွေ ရှိရပါမယ်” ဟု ကျိုင်းတုံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန် ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းလှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၂၂ ခုနှစ်၊ အာဆီယံသန့်ရှင်း သော ခရီးသွားမြို့တော်များ စံနှုန်း ဆိုင်ရာဆုအတွက် ပါဝင်ယှဉ်ပြိုင် မည့် မြို့နယ်များသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စာရင်းပေးသွင်း ရမည်ဖြစ်ပြီး လက်ရှိအချိန်မှ စတင် ၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် ထားရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
.
ကျိုင်းတုံမြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၂၇၁၀ ပေ အ မြင့်တွင် တည်ရှိပြီး မြို့နယ်တစ်ခုလုံး ၏ ၇၀ ရာခိုင်နှုန်းကျော်ကို သစ်တော များဖြင့် ဖုံးလွှမ်းထားကြောင်း သိရ သည်။
.
ကျိုင်းတုံမြို့နယ်ကို ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၁ စု၊ ကျေးရွာ ၇၁၈ ရွာဖြင့် ဖွဲ့စည်းထားပြီး မြို့နယ် လူဦးရေ စုစုပေါင်း ၁၇၀၄၀၇ ဦးရှိ ကြောင်း သိရသည်။
.
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အနေဖြင့် ကျိုင်းတုံမြို့တွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း စုစုပေါင်း ၁၂ ခုရှိပြီး အခန်းပေါင်း ၄၄၈ ခန်းရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)