ကျိုင်းတုံတွင် အားခေတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, January 16, 2020

ကျိုင်းတုံတွင် အားခေတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နောင်ကုန်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးအားခေကျေးရွာတွင် ဇန်နဝါရီလ ၁၅ ရက်က အားခေတိုင်းရင်းသားများ၏ ၁၃ ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော်အား ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
.
.
အားခေတိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ၊ ဘာသာစကားနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း အားခေတိုင်းရင်းသားများ၏ ကော်မတီနှင့် စာပေယဉ်ကျေးမှုအသင်းအား ၂၀၁၉ ခုနှစ်တွင် တရားဝင် အသိ အမှတ်ပြုအဖြစ် ဖွဲ့စည်းခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ အားခေလူမျိုးတွေက ရှမ်းပြည်နယ်မှာရှိနေတဲ့ တခြားတိုင်းရင်းသားတွေနဲ့အတူတူ လက်တွဲနေထိုင် လာခဲ့တာ ကြာပါပြီ။ လူမျိုးစုငယ်စာရင်းထဲမှာ ပါပေမဲ့ ကိုယ့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာကို ရှေးဘိုးဘွားတွေရဲ့ လက်ထက်ကနေ ခုချိန်အထိ စောင့်ရှောက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်” ဟု အားခေတိုင်းရင်းသားများကော်မတီနှင့် စာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလောနိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အားခေတိုင်းရင်းသားများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ မိုင်းခတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် အများ အပြားနေထိုင်လျက်ရှိပြီး အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများတွင်လည်း အားခေတိုင်းရင်းသားလူမျိုးများ ရှိကာ နေထိုင်ရာဒေသကွဲပြားမှုအရ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ပုံစံမတူညီကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats