ကျိုင်းတုံရှိ မြို့တွင်း ၃ လမ်းအား တစ်လမ်းမောင်းစနစ် ပြောင်းလဲကျင့်သုံးမည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 3, 2020

ကျိုင်းတုံရှိ မြို့တွင်း ၃ လမ်းအား တစ်လမ်းမောင်းစနစ် ပြောင်းလဲကျင့်သုံးမည်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ် ပွားစေရေးအတွက် မြန်မာ့စီးပွားရေး ဘဏ်လမ်း၊ စျေးတန်းကြီးလမ်းနှင့် နောင်တုန်ကန် ပတ်လမ်းတို့အား တစ်လမ်းမောင်းစနစ် ပြောင်းလဲကျင့် သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ လမ်း ၃ လမ်းသည် ယာဉ်မျိုးစုံ ဖြတ်သန်းသွားလာခြင်း၊ စျေးရောင်း/စျေးဝယ် များပြားခြင်း၊ ရုံးသွား/ ရုံးပြန်နှင့် ကျောင်းသွား/ ကျောင်းပြန်သူများ များပြားခြင်း ကြောင့် ယာဉ်ကြောပိတ်ဆို့မှု မကြာ ခဏ ဖြစ်ပွားတတ်လေ့ရှိကြောင်း သိရသည်။
.
မြို့ပြ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အညီ လက်ရှိလမ်းဧရိယာနဲ့ ယာဉ် မျိုးစုံလည်း များပြားလာလို့ လမ်းပိတ် တာတွေ မကြာခဏ ဖြစ်နေပါတယ်။ နောင်တစ်ချိန်ဆိုရင် ဒီထက်ပို ရှုပ် လာနိုင်လို့ အခုကတည်းက ကြိုတင် ပြီး မြို့လူထုအတွက် သွားရေးလာ ရေး အဆင်ပြေအောင် လုပ်ပေးတာ ဖြစ်ပါတယ်”ဟု ကျိုင်းတုံခရိုင် စီမံခန့် ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးဝင်းမင်းသိန်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံဒေသခံတစ် ဦးကလည်း “ပြီးခဲ့တဲ့ တစ်နှစ်လောက် မှာပဲ ဒီအစီအစဉ်ကိုလုပ်ဖို့ ဆွေးနွေး ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ လမ်းဘေးမှာ နေတဲ့အိမ်တချို့က ကန့်ကွက်လို့ မ လုပ်ဖြစ်ခဲ့တာပါ။ အခုလတ်တလော ကို မကြည့်ဘဲ ရေရှည်ကိုကြည့်ပြီး တစ်လမ်းမောင်းစနစ်ကို ကျင့်သုံး သင့်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့တွင် မြို့မစျေးအ နောက်လမ်း၊ ကောက်ကော့လမ်းနှင့် စျေးတန်းလမ်းတို့အား တစ်လမ်း မောင်းစနစ် ကျင့်သုံးရန် သတ်မှတ် ထားပြီး မြို့တွင်းလမ်းများ၌ စည်း ကမ်းမဲ့ ယာဉ်ရပ်နားမှုကြောင့် ယာဉ် ကြောပိတ်ဆို့မှုများ မကြာခဏ ကြုံ တွေ့နေရလေ့ ရှိကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)